[ 58 ] Thinking Carefully

6.8K 934 68
                                    

[Unicode]

ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာပဲ ဓားတစ်ချောင်း ပြေးဝင်လာမယ်လို့ ထင်မထားခဲ့တဲ့ မိန်ယင်းချိုင့်ဝှမ်းအိမ်တော်ရဲ့ စတုတ္ထအကြီးအကဲခမျာ လုံးဝကြောင်အမ်းသွားတော့တယ်။ ဒါပေမဲ့ သူ မြန်မြန် သတိပြန်ဝင်လာပြီး ခပ်ဖွဖွအပြုံးဖြင့် တိုက်ခိုက်မှုကို သာမန်ကာလျှံရုံမျှ လှမ်းတားလိုက်တယ်။

တကယ်တော့ အခြေတည်ဝိညာဉ်အဆင့်နဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်ကြား ကွာဟမှုက ကောင်းကင်ဘုံနဲ့‌ မြေပြင်လိုပဲ။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူနဲ့ တိုက်ခိုက်ရချိန်တိုင်း အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကသာ လွင့်ထွက်ဒဏ်ရာရတာ။

ဒါပေမဲ့ အခုချိန်မှာတော့ ရှဲ့ရှီးရဲ့ ဓားချက်ကြောင့် စတုတ္ထအကြီးအကဲသာ လွင့်ထွက်သွားခဲ့တယ်။

ရှဲ့ရှီးမှာ ဆင်ခြင်တုံတရား အနည်းငယ် ကျန်နေသေးတဲ့အတွက် သတ်ပစ်ဖို့ထိတော့ မလုပ်ပေ။ သို့ပေမဲ့လည်း ဓားချက်မှာ သူ သုံးလိုက်တဲ့ စွမ်းအားပမာဏကတော့ မညင်သာဘူး။ စတုတ္ထအကြီးအကဲက အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ပစ်ပေါက်ခြင်း ခံလိုက်ရတဲ့အတွက် ထိတ်လန့်ချောက်ချားပြီး အံ့အားသင့်သွားခဲ့တယ်။ သူ ဖြစ်ပျက်သွားတဲ့ အရာတွေအပေါ် ကိုတောင် မတုန့်ပြန်နိုင်တော့ပါဘူး။

အစောပိုင်းကတော့ မျက်ဝန်းလှလှလေးများနဲ့ ကလူညုတုတု လုပ်နေတဲ့ ထိုမိန်းမလှလေးတွေက သေလောက်အောင်ခံ့ညားလွန်းတဲ့ ရှဲ့ရှီးကို မြင်တဲ့အခါ သူတို့မျက်လုံးအစုံက တောက်ပသွားတယ်။ အခုလည်းကျရော သူတို့အားလုံး တိတ်တဆိတ် ဘေးကို ဆုတ်သွားပြီး စကားတောင် မပြောရဲကြတော့ပေ။

လေထုက အနည်းငယ် ကသိကအောက် ဖြစ်‌သွားပြီ။

ချူယွီက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ပြီး လေထုအခြေအနေကို ပေါ့ပေါ့ပါးပါး ဖြစ်စေဖို့ရာ ".....မင်းက စတုတ္ထအကြီးအကဲဆိုတာ အမှန်ပဲလား?"

အမှန်တကယ်သာ ပြောရရင် ဇာတ်လိုက်ရဲ့လက်ရှိအဆင့်နဲ့သာဆို အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ရလည်း သူ့မှာ ဖိအားဆိုတာရှိမှာ မဟုတ်ပါဘူး။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now