Extra [2] Bronze Mirror Part(2)

6K 718 59
                                    

[Unicode]

ရှဲ့ရှီးက သူ့ကို တအား ပင်ပန်းနေအောင် အနိုင်ကျင့်ထားတာမို့ ချူယွီတစ်ယောက် ခဏလေးသာ နိုးလာပြီး ချက်ချင်း ပြန်အိပ်ပျော်သွားခဲ့တယ်။ ရှဲ့ရှီး သူ့ကို လက်မောင်းပေါ် ပွေ့တင်ထားပြီး ထထိုင်လိုက်တယ်။ သူ ချူယွီမျက်နှာလေးကို ကြင်ကြင်နာနာ ပွတ်သပ်ရင်း ‌ပင်ပန်းနွမ်းနယ်မှုကြောင့် အနည်းငယ် မျက်မှောင်ကြုပ်နေတဲ့ မျက်နှာလေးကို ငုံ့ကြည့်နေတယ်။ သူ ချူယွီရဲ့ နှုတ်ခမ်းထောင့်လေးကို ငုံ့နမ်းပြီးမှ ချူယွီကိုယ်ကို စောင်သေချာ ခြုံပေးလိုက်တယ်။ နောက်ဆုံးတော့ သူ ကြေးမုံချပ်ကို နောက်တစ်ခါ ပြန်ကောက်ကိုင်လိုက်တယ်။

သူတို့နှစ်ယောက် အပြင်လောကမှာ အလုပ်များနေစဉ် ကြေးမုံထဲက မြင်ကွင်းကတော့ ဂူကြီးတစ်ဂူဆီ ရောက်သွားပြီ။

ရှဲ့ရှီး သေချာ စူးစိုက်ကြည့်လိုက်တော့ သူ လန့်ဖျပ်သွားတယ်။

ကြေးမုံပေါ်မှာ ချူယွီက ကောင်ငယ်လေးဗားရှင်း ဖြစ်နေတယ်။ သူတို့နှစ်ယောက် ယန်ချောက မိန်ယင်းချိုင့်ဝှမ်းဆီ သွားခဲ့တုန်းက အချိန်ဖြစ်လောက်မယ်။ အဲ့နောက် ကြေးမုံပေါ်မှာ ရှဲ့ရှီးတစ်‌ယောက် သတ်ဖြတ်ချင်စိတ်တွေ လောင်ကျွမ်းလာပြီး ရုတ်တရက် စိတ်လွတ်သွားတယ်။ ချူယွီက သူ့ကို ဂူတစ်လုံးဆီ ခေါ်သွားခဲ့တယ်...သူ အဲ့နောက်ပိုင်း ဘာဆက်ဖြစ်ခဲ့လဲဆိုတာ မမှတ်မိတော့၊ သူ မှတ်မိတာအားလုံးက ချူယွီကို မတော်တဆ နာကျင်စေခဲ့မိတယ်ဆိုတာပဲ။

သူက...ချူယွီကို လည်ပင်းညှစ်နေတာပဲ။

ချူယွီမျက်နှာက နီရဲတွတ်နေခဲ့တယ်။ သူ့မျက်နှာမှာ နာကျင်နေတဲ့ အရိပ်အရောင်တွေ ဖုံးလွှမ်းနေတယ်။ သူ အချိန်မရွေး အသက်ဆုံးသွားတော့မယောင် ဖြစ်နေခဲ့တယ်။

ရှဲ့ရှီးတစ်ကိုယ်လုံး အေးခဲသွားတော့တယ်။ သူ့လက်ထဲက ကြေးမုံချပ်လည်း မြေကြီးပေါ် 'ခလွမ်'ခနဲ လွတ်ကျသွားတယ်။ သူ အဲ့‌ကြေးမုံကို ပြန်မကောက်ဘဲ ချူယွီကို သူ့ရင်ခွင်ထဲ ကြောက်လန့်တကြား ဆွဲသွင်းပြီး ခပ်တင်းတင်းပွေ့ဖက်လိုက်ကာ ချူယွီရဲ့ အေးအေးချမ်းချမ်းအိပ်ပျော်နေတဲ့ မျက်နှာလေးကို ငေးကြည့်နေမိတယ်။ သူ အသံတိုးတိုးနဲ့ "သာ့ရှစ်ရှုန်း"လို့ ခေါ်ကြည့်လိုက်တယ်။

ဇာတ်လိုက်က ငါ့ကို နေ့တိုင်း သိမ်းပိုက်ချင်နေတယ်{ဘာသာပြန်} [Completed]Where stories live. Discover now