ဇာတ်လမ်းမိတ်ဆက် (ဇာတ္လမ္းမိတ္ဆက္)

8.4K 273 4
                                    


Unicode

"ပုံပြင်ထဲက မင်းသားလေး "

ဇာတ်လမ်းအကျဉ်းလေးကတော့

ပုံပြင်တွေကိုအရမ်းနှစ်သက်တဲ့ ကောင်မလေးက တောင်ပေါ်ဒေသရဲ့အချမ်းသာဆုံးဖြစ်တဲ့ စိမ့်တောမြိုင်ခြံပိုင်ရှင်သမီးလေး...

တစ်ရက်မှာတော့ အမေနဲ့အတူတောထဲအလည်သွားရင်း ကျားပေါက်လေးတစ်ကောင်ကိုတွေ့ခဲ့တယ်။ ကျားမကြီးကတော့ မုဆိုးတွေသတ်လို့သေသွားခဲ့ပြီပေါ့..။ ကျားပေါက်လေးကိုသနားလို့ ကောင်မလေးဟာ မိခင်ထံအတင်းပူဆာခဲ့တော့ ကောင်မလေးကိုအရမ်းချစ်တဲ့မေမေက ခြံထဲမွေးခွင့်ပေးခဲ့တယ်။ ဒီလိုနဲ့ ကျားပေါက်လေးကို ကောင်မလေးက အမည်ပေးခဲ့တယ် "မိုးညို"တဲ့။

အရွယ်ရောက်လာတော့ မိုးညိုကိုလူတွေကြားမွေးခွင့်မရှိတာနဲ့ တောထဲလွတ်ထားရတယ်။ ဒါပေမဲ့ ကောင်မလေးနဲ့မိုးညိုကြားက သံဃောဇဉ်တွေကသိပ်ကြီးမားတော့ သူတို့မကြာခဏတွေ့ဆုံခဲ့ကြတာပေါ့။

အင်း... အရွယ်မရောက်ခင်မှာဘဲ ပျော်စရာကောင်းတဲ့ ကောင်မလေးဘဝကလည်း ကံဆိုးမိုးမှောင်ကျခဲ့ရတယ်။ သူမကြောင့် အမေဖြစ်သူက မတော်တဆသေဆုံးသွားခဲ့ရတော့ အဖေကမုန်းတီးခဲ့တယ်။ ဒီကြားထဲ အဖေယူလိုက်ရတဲ့မိထွေးနှင့် မယားပါသားသမီးတွေကလည်း နှိပ်စက်တာပေါ့။ ဒါကြောင့်ကောင်မလေးက အမြဲတမ်း မိုးညိုကိုသွားသွားတွေ့ပြီး ပျော်အောင်နေခဲ့ရရှာတယ်။

တစ်ရက်မှာတော့ ပုံပြင်ကြိုက်တဲ့ကောင်မလေးက အရမ်းကိုပုံပြင်ဆန်တဲ့အဖြစ်အပျက်တစ်ခုနဲ့ ကြုံခဲ့ရတယ်။ မိုးညိုကိုသွားတွေ့ခဲ့ပေမဲ့ မိုးညိုကိုမတွေ့ခဲ့ရဘူး။ သူမတွေ့ခဲ့ရတာက သိပ်ကိုချောမောခန့်ညားတဲ့မင်းသားတစ်ပါး....

ပုံပြင်ထဲကအတိုင်း မိုးညိုကမင်းသားအဖြစ် ပြောင်းသွားခဲ့သလား။ ဒီလိုလည်း မဟုတ်ပြန်ဘူး။

"မိုးညိုက ငါရဲ့စီးတော်ကျားပဲ ပါရာဝတီပဒေသရာဇ်နိုင်ငံရဲ့အောင်ပွဲအတွက် သူ့ကိုငါလိုက်ရှာခဲ့တာ သက္ကရာဇ်တော်တော်ကုန်သွားတယ် ၂ဝ၁၈ခုနှစ်တောင်ရောက်လာခဲ့ပြီပဲ အခုမှရှာတွေ့တော့တယ်" တဲ့

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now