Part-14

2.1K 146 15
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၁၄)

"ကို .. ကြွယ့်ကိုဒီနေရာမှာ လက်မှတ်လေးထိုးပေးပါဦး"

ဒေါ်မာယာကြွယ်လှမ်းပေးလာသည့်စာရွက်ကို မူးနေသည့်ဦးဇဗ္ဗူကျော်က ဘာတစ်ခုမှ စစ်ဆေးခြင်းမရှိပါ။ တစ်ချက်သာစိုက်ကြည့်ပြီး ပြီးပြီးရောလက်မှတ်ထိုးလိုက်သည်။

လတ်မှတ်ရလိုက်သည့်စာရွက်ကိုကြည့်ရင်း ဒေါ်မာယာကြွယ်ကျေနပ်စွာပင်ပြုံးလိုက်၏။ အချိန်ပြည့်မူးရူးနေသည့်ဒီလိုလင်မျိုးရတာ ခုလိုဆိုတော့လည်းအတော်ကောင်းသားပဲဟု တွေးနေမိသည်။ ထို့နောက် စာချုပ်ကိုအိတ်ထဲထည့်လျက် ပျော်ရွှင်မြူးထူးစွာပင် ထွက်သွားတော့သည်။

ထိုအခြင်းအရာကိုကြည့်ပြီးစိတ်မချမ်းမြေ့စွာ သက်ပြင်းချနေသူကကြီးမေရယ်ပင်။ မောင်ဇဗ္ဗူကျော်လုပ်ပုံနှင့်စိမ့်တောမြိုင်ပိုင်ပစ္စည်းတွေတတိတိနှင့်လုံးပါးပါးတော့မည်။ အရက်ကိုသာစိတ်ဝင်တစားသောက်နေသော မောင်ဇဗ္ဗူကျော်အနားသို့ ကြီးမေစိတ်မသက်သာစွာပင်သွားလိုက်ပြီး

"မောင်ဇဗ္ဗူကျော်ရယ်... ဟိုကလက်မှတ်ထိုးဆိုတာနဲ့ ထိုးပေးတော့တာပဲ ဘာအကြောင်းအရာလဲဆိုတာ သေချာမဖတ်ဘူးလား"

"အေ့... ဘာဖတ်စရာလိုလို့လဲဗျ.. သူက ကျုပ်မိန်းမပဲလေ လိုအပ်လို့တောင်းတာပေါ့ "

"မဟုတ်သေးဘူးလေ ဘာအတွက်လဲဆိုတာမင်းသိထားသင့်တာပေါ့ မင်းရဲ့တရားဝင်မိန်းမဆိုတိုင်းလည်း လုပ်ချင်တိုင်းလုပ်ခွင့်မပေးသင့်ဘူးလေး မင်းဘုမသိဘမသိနဲ့လက်မှတ်ထိုးလိုက်တဲ့စာရွက်က အရေးကြီးတဲ့အရာတွေဆိုရင် ဘယ်လိုလုပ်မှာလဲ နောက်တစ်ခါဒီလိုမလုပ်ပါနဲ့ သေချာစစ်ဆေးပါကွယ် မင်းအတွက်ကြီးမေပြောနေတာပါ"

"မလိုပါဘူး ဘာကိစ္စပဲဖြစ်ဖြစ် ကျုပ်မှစိတ်မဝင်စားတာ"

"ခက်တော့တာပဲမောင်ဇဗ္ဗူကျော်ရယ် မင်းလုပ်ပုံနဲ့စိမ့်တောမြိုင်ကတော့ လုံးပါးပါးသွားတော့မှာပဲ"

ညည်းညူလိုက်သည့်ကြီးမေစကားကို ဦးဇဗ္ဗူကျော်မကြားတော့ပါ။ အမူးလွန်ပြီး စားပွဲပေါ်ခေါင်းမှောက်ကျသွားကာ လောကကြီးနှင့် အဆက်အသွယ်ပြတ်သွားပြီဖြစ်သည်။ မောင်ဇဗ္ဗူကျော်အဖြစ်ကိုကြည့်ပြီး ကြီးမေမှာစိတ်ပျက်လက်ပျက်နှင့်သာ ခေါင်းခါယမ်းနေမိတော့သည်။
.............. ................... ........................

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now