Part-36

1.6K 116 0
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၃၆)

"ကိုဘဒင်ရယ် ရှင်ဘယ်လိုဖြစ်ရသလဲ"

တစ်ကိုယ်လုံးထိုးကြိတ်ဒဏ်ရာများနှင့် ဖူးယောင်နေသည့်ကိုဘဒင်ကိုကြည့်ပြီး ဒေါ်မာယာကြွယ် စိတ်မသက်သာစွာဆိုလိုက်သည်။

ပေါက်ကြီးတို့အဖွဲ့ဝိုင်းဝန်းကန်ကြောက်နှိပ်စက်သွားသည်မှာ မသေရုံတမယ်သာကျန်ခဲ့သည်။ ထို့ပြင် ခြိမ်းခြောက်ပြောဆိုသွားသေးသည်။

"မင်းလိုကောင်ကိုသတ်လိုက်ရင် သိပ်လွယ်လွန်းတယ် မင်းကိုယ်တိုင်သေချင်စိတ်ပေါက်လာတဲ့အထိကို အရသာရှိရှိနဲ့ နှိပ်စက်ဦးမှာ နားလည်လာ ငါ့ညီကိုသတိရလာတိုင်း မင်းကိုအခုလိုလာနှိပ်စက်မယ် မင်းအသက်ရှင်ရမှာကြောက်လာတဲ့အထိကို ငါလုပ်ပြမယ် ပြေးလည်းလွတ်မယ်မထင်နဲ့  ဘဒင် ပေါက်ကြီးဘာကောင်လဲဆိုတာ မင်းကောင်းကောင်းသိပါတယ်"

ဟုကြိမ်းဝါးလျက် အသက်မျော့မျော့လေးသာကျန်တော့သည့်ဘဒင်ကို ကန်ကြောက်ကာ ထွက်သွားတော့သည်။ ဒေါ်မာယာကြွယ်အရောက်မြန်၍သာတော်တော့သည်။ မဟုတ်ပါက ကိုဘဒင်အသက်ကိုမီမည််မထင်တော့။

"ငါအသက်ရှင်နေမှန်း ပေါက်ကြီး ဘယ်လိုသိသွားသလဲ အားကျွတ် ကျွတ် နာလိုက်တာကွာ"

စကားပင်ကောင်းကောင်းမပြောနိုင်တော့ဘဲ နာလွန်းသဖြင့် ညည်းညူနေသည့်ကိုဘဒင်ကိုကြည့်ရင်း ဒေါ်မာယာကြွယ်ဘယ်လိုမှစိတ််​မကောင်းနိုင်။ တစ်စုံတစ်ယောက်ကိုတွေးမိတော့ ဒေါသထွက်သွားရကာ...

"တောက်.. ဒီကိစ္စကိုသိတာ မင်းနောင်တစ်ယောက်ပဲရှိတယ် ဒါသူ့လက်ချက်ပဲနေမယ် "

ယောင်္ကျားဖြစ်သူအတွက် မခံမရပ်ဖြစ်ကာ ဒေါ်မာယာကြွယ် ဦးမင်းနောင်ကို ဒေါသတကြီး ဖုန်းဆက်လိုက်သည်။

"ဒီမှာ ဦးမင်းနောင် ရှင်ကအတော်ယုတ်မာတဲ့လူပဲ အပေးအယူကိစ္စမဖြစ်တာနဲ့ပဲ ကိုဘဒင်အကြောင်းပေါက်ကြီးကိုသွားပြောလိုက်တယ် ဟုတ်လား "

"မင်းဘာတွေပြောနေသလဲ ဘဒင်အသက်ရှင်နေတာကို ပေါက်ကြီးသိသွားသလား"

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now