Part-7

2.2K 173 1
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၇)

"ကျွန်မနဲ့တွေ့ချင်တာ ဘာကိစ္စလဲ"

ဒေါ်မာယာကြွယ်က ဦးမင်းနောင်ကို ခပ်တင်းတင်းပင်မေးလိုက်သည်။ ဦးမင်းနောင်နှင့် မကြာခဏမျက်မှန်တန်းမိသော်လည်း ပတ်သတ်ဆက်ဆံတာမျိုးတော့မရှိပေ။ အခုမှ မိမိကိုတွေ့ဖို့ဆက်သွယ်လာသဖြင့် လာ၍တွေ့ဆုံခဲ့ခြင်းပင်။

ဒေါ်မာယာကြွယ်တို့က ကိုယ်တိုင်ယုတ်မာလျှင်သာ ယုတ်မာမည်။ မိမိလို ယုတ်မာကောက်ကျစ်မည့်လူမျိုးကိုတော့ ရှောင်သည်။ ဦးမင်းနောင်ကာ လက်ရှိအလုပ်တွေဟန်ပြလုပ်နေသည့် ဒုစရိုက်ခေါင်ဆောင်မှန်း သူမသိသည်။ ရက်စက်ယုတ်မာပေါင်းစုံကိုလည်း ကြားဖူးသည်။ ထို့ကြောင့်မပတ်သတ်ချင်လှသော်လည်း အတွေ့မခံပါကအငြိုးထားမည်ကိုလည်း စိုးရိမ်သဖြင့် လာရောက်တွေ့ဆုံခဲ့ရသည်။ သို့တိုင်မျက်နှာထားကို ခပ်တင်းတင်းထားပြီး လေသံကိုတမင်မာထားသည်။ ဒါမှသင်း အလွယ်တကူလျော့မတွက်နိုင်မှာ။

"ခင်ဗျားနဲ့စီးပွားရေးကိစ္စဆွေးနွေးစရာရှိလို့ပါ"

"ကျွန်မစိတ်မဝင်စားဘူး"

ဦးမင်းနောင်စကားဆုံးသည်နှင့်ဒေါ်မာယာကြွယ်က ခပ်ပြတ်ပြတ်ပင်တုန့်ပြန်လိုက်၏။ အကြောတင်းပြနေသောဒေါ်မာယာကြွယ်ကြောင့် ဦးမင်းနောင်ကဟက်ခနဲ့ရယ်လိုက်ရင်း

"နေပါဦး ဘာတွေ ဒီလောက်အလောတကြီးဆုံးဖြတ်ရသလဲ အရင်ဆွေးနွေးကြည့်ပါဦးလား"

"ဆွေးနွေးစရာကိုမလိုပါဘူး ရှင့်အကြောင်း ကျွန်မသိပြီးသားပါ ဒါကြောင့် ရှင်နဲ့အတူစီးပွားရေးလုပ်ရတဲ့အထိ ကျွန်မမမိုက်မဲဘူး "

"ကဲ... ဒါဆိုရင်လည်းခင်ဗျားကိုပြစရာရှိတယ် ဒါကိုကြည့်ပြီးတော့ ဆုံးဖြတ်ကြည့်ပေါ့ ဟုတ်ပြီလား"

ဦးမင်းနောင်က သူ့တပည့်ကို မျက်ရိပ်ပြလိုက်တော့ သူ့တပည့်က စာအုပ်တစ်အိတ်ကိုထုတ်ပေးလိုက်၏။ ဦးမင်းနောင်ထိုစာအိတ်ကို စားပွဲပေါ်တင်လိုက်ပြီး

"ဒီအထဲမှာဓာတ်ပုံတွေရှိတယ် ဖွင့်ကြည့်လိုက်"

ဒေါ်မာယာကြွယ်စာအိတ်ထဲမှဓာတ်ပုံကိုမြင်တော့ မျက်လုံးတွေပြာဝေသွားသည်။ သူမနှင့်ကိုဘဒင်တွေ့ဆုံနေသည်ကို ရိုက်ထားသည့်ဓာတ်ပုံများ...

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now