Part-33

1.7K 113 2
                                    

Unicode

~~ပုံပြင်ထဲက မင်းသားလေး~~
အပိုင်း(၃၃)

"မင်းဘာတွေလျှောက်လုပ်နေသလဲခွန်မင်းသာ  အခုမင်းကိုစိမ့်တောမြိုင်ကကောင်မလေး တိုင်ချက်ဖွင့်ထားတယ်"

"ဗျာ... "

အထိတ်တလန့်ဖြစ်သွားသည့်ခွန်မင်းသာကိုကြည့်ရင်း ဦးမင်းနောင်စိတ်ပျက်လက်ပျက်ပင်

"မင်းကိုအစကတည်းကပိုင်မှလုပ်ပါလို့ငါမပြောဘူးလား အခုမင်းဘယ်လိုရှင်းမှာလဲ"

"ကျွန်တော်လည်းအပိုင်ကိုစီစဉ်ထားတာပဲဗျ အဓိပ္ပါယ်မရှိတာတွေဖြစ်သွားပြီး လွဲချော်သွားတယ် တောက်... "

"အေး.. အခုအဓိပ္ပါယ်ရှိသွားပြီလား ကောင်မလေးကိုမရတဲ့အပြင် အချုပ်ကျခံရတော့မယ် ကောင်းတယ် သိပ်ကောင်းတယ် "

ခွန်မင်းသာကိုယ့်အပြစ်နှင့်ကိုမို့ ဖခင်ကြိမ်းမောင်းဆူဆဲသမျှကို ခေါင်းငုံ့ခံရင်း

"ဒယ်ဒီကဒီမြို့မှာမြို့ဝန်နီးပါး သြဇာအာဏာရှိတဲ့သူပဲ ကျွန်တော့်ကိုကယ်ပါဦး တစ်ခုခုတော့လုပ်ပေးလို့ရမှာပါဗျာ"

"ဒီတစ်ခါမင်းပြောသလောက်မလွယ်ဘူး ခွန်မင်းသာ မင်းလုပ်ထားတဲ့အပြစ်က ဖုံးလို့မရအောင်ပေါ်နေတာကို ငါကာပေးရင် ဆင်သေကိုကြွက်သားရည်နဲ့ဖုံးသလိုဖြစ်နေပြီး ငါပါနာမည်ပျက်လိမ့်မယ်"

"ဒါဖြင့် ဒယ်ဒီကဒယ်ဒီ့သားကို အချုပ်ထဲ အကျခံမယ်ပေါ့ ဒီအတိုင်းပဲကြည့်နေမှာလား"

ခွန်မင်းသာမကျေမနပ်ဆိုတော့ ဦးမင်းနောင်စိတ်မောစွာသက်ပြင်းချမိသည်။ သူ့တုန်းကလည်း ထိုသို့အမှားမျိုးကျူးလွန်လျက် အပြစ်လုပ်ခဲ့ဖူးသဖြင့်သားကိုလည်း သူအရမ်းအပြစ်မတင်ချင်ပါ။ စိတ်ပျက်ပျက်နှင့်သာ ခေါင်းခါယမ်းလိုက်ပြီး

"မင်းကတော့တကယ်ကိုဖအေခြေရာနင်းတဲ့ ကောင်ပဲကွာ ငါကြည့်လုပ်မယ် မင်းဒီတလောအိမ်ထဲကနေအိမ်ပြင်မထွက်နဲ့ လူမမြင်အောင်နေ ငါမင်းကိုအိမ်မှာမရှိဘူးလို့ ပြောထားတယ်.. "

"ကျွန်တော်ဘယ်အချိန်ထိအိမ်ထဲပုန်းနေရမှာလဲ"

"မင်းအချုပ်ထဲမနေချင်ရင် ငါကနေဆိုနေ မဟုတ်လည်းအချုပ်နဲ့အိမ်တစ်ခုရွေး "

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now