Part-34

1.6K 120 5
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၃၄)

ဒိုင်းနမိုက်..

ဒေါ်မာယာကြွယ်ပြောစဉ်က ဘယ်လိုမှ မယုံကြည်နိုင်ခဲ့ပါ။ လိူင်းဆိုသည့်ကောင်မလေး အသက်ရှင်နေသေးသည်တဲ့...။

ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူသေချာပေါက်ကို ချောက်ထဲပစ်ချခဲ့သည် မဟုတ်လား။ အခုတော့ အသက်ရှင်ကျန်သေးသည်မဟုတ်ဘဲ ကားမှောက်သည့်ကိစ္စကသွေးရိုးသွေးသားမဟုတ်မှန်းရိပ်မိသွားသည်တဲ့..။

သူသည်အခြေအနေကိုနားမလည်နိုင်အောင် ရူပ်ထွေးခဲ့ရသည်။ ဒီကြားထဲ ဒေါ်မာယာကြွယ်၏ ဆူငေါက်ဆဲဆိုသံကိုလည်းခံရပြီး ရဲဘက်မှသက်သေရမသွားစေရန် မသင်္ကာဖွယ်ရာဖြစ်စေသည့်အရာမှန်သမျှ အစဖျောက်ရသေးသည်။

တကယ်တော့အလုပ်တစ်ခုကို ပိပိရိရိလုပ်ထားသဖြင့် မတော်တဆမဟုတ်မှန်းရိပ်မိသွားသည့်တိုင် ဘာသက်သေမှကျန်ခဲ့မည်မဟုတ်ပါ။ ထမင်းစားနားသည့်မြို့ငယ်လေးတစ်ခုတွင် ကြိုစောင့်နေပြီး ကားကိုလူအလစ်တွင် ဘရိတ်ကြိုးခိုးဖြတ်ခဲ့သည်။ ထို့နောက် ဌားထားသည့်ကားဖြင့် သတ်ကွင်းအဖြစ်ရည်ရွယ်ထားသည့်နေရာတွင် ကြိုတင်စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်နိုင်ခဲ့သည်။

ကားလည်းမှောက်သွားပြီ။ သတိလစ်နေသော ကောင်မလေးကိုလည်း ချောက်ထဲပစ်ချနိုင်ခဲ့သည်။ အာလုံးဖြစ်မြောက်ခဲ့ပါလျက်နှင့် ကြားရသည့်သတင်းက ဘယ်လိုမှယုံချင်စရာမရှိခဲ့။

"တောက်...."

တွေးတွေးပြီး ဒေါသထွက်လာသဖြင့် ဒိုင်းနမိုက်တက်ခေါက်မိသည်။ တစ်သက်မှာ တစ်ခါမှဒီလိုလွဲချော်ခဲ့ဖူးသည်မရှိ၍ သူပိုဒေါသထွက်ရသည်။

"ဒီလောက်တောင် အသက်ပြင်းတဲ့ကောင်မလေး တွေ့ကြသေးတာပေါ့"

ဒိုင်းနမိုက်အံကြိတ်ကြိမ်းဝါးလိုက်သည်။ ဒေါ်မာယာကြွယ်ဆိုသည့်အဘွားကြီးဆီမှအပြောခံရသည့်အတွက်လည်း ခံပြင်းမိ၏။

ထို့နောက်လိူင်းကိုလုပ်ကြံဖို ဒုတိယPlanချသည်။ ဒီတစ်ခါတော့သူမကိုတောထဲမှာပဲ အပြတ်ရှင်းပစ်ဖို့ကြံရွယ်ထားသည်။ သေနတ်နှင့်လက်စဖျောက်ပစ်ပြီးအလောင်းကို လူမမြင်နိုင်သည့်ချောက်နက်ထဲပစ်ချလိုက်မည်။ တောစောင့်နတ်ပင် သူမကိုရှာတွေ့မည်မဟုတ်။ နောက်ဆုံး ဘယ်သူမှမရှာတွေ့သည့်အဆုံး လူမသိသူမသိပျောက်ဆုံးသွားရမည်။ ဒီတစ်ခါတော့ သူမပြေးလွတ်မည် မဟုတ်တော့ပါ။

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now