Part-30

1.8K 119 5
                                    

Unicode

~~ပုံပြင်ထဲက မင်းသားလေး~~
အပိုင်း(၃၀)

ရှေ့တွင်ဘာရှိနေမှန်းမမြင်ရသည်အထိ ပတ်ဝန်းကျင်တစ်ခုလုံးကာ မြူနှင်းတို့ အုပ်ဆိုင်းနေသည်။ အအေးဓာတ်တို့လည်း ပိုသိသာလာသဖြင့် လိူင်း အနွေးထည်ကို သေချာပြန်ဝတ်လိုက်သည်။

နင်းခေးဒေသကာ ခေါင်လှသဖြင့် လမ်းခရီးတို့က အတော့်ကိုကြမ်းတမ်းလှပါသည်။ မြေနီလမ်းကာ အခုလိုဆောင်းကုန်လုနီးအချိန်မို့တော်သေးသည်။ မိုးရာသီဆိုပါက မလွယ်လှပါ။ ဒါတောင် ချိုင့်တွေပေါများလှသဖြင့် ကားစီးရသည်မှာ မစားသာလှပါ။ ကားပြတင်းပေါက်မှန်မှတဆင့် မြင်နေရသောရှူခင်းတို့ကတော့ လှပလွန်းလှသည်။ သဘာဝအလှအပတွေ ပေါကြွယ်ဝသည့်နေရာမို့ ဒီလိုအနှစ်သာရပြည့်ဝသောရူးခင်းတွေကို ကားစီးရင်းငေးနေရသည်မှာလည်း စည်းစိမ်ခံခြင်းတစ်ခုလိုပင်။

သို့သော်လမ်းကြမ်းလွန်းလှ၍ ကားမှာ တစ်ချက်တစ်ချက်ဆောင့်ခုန်သွားသောကြောင့် ကောင်းကောင်းတော့ ဇိမ်မခံရပါ။ ထို့နောက် ကားလမ်းတွေကိုအကဲခတ်ကြည့်ပြီး လမ်းပြင်ဖို့အတွက်တော့မြို့ဝန်ကို အသိပေးရမည်ဟု လိူင်းတွေးလိုက်သည်။ ထိုအခိုက်...

"ကျွီ...."

ကားကရုတ်တရက်ထိုးရပ်သွားသဖြင့် တွေးနေရာမှ လိူင်းအသိဝင်လာသည်။ ဘာများဖြစ်သလဲ ကားပျက်သွားသလားဟု စိတ်ပူသွာူစဉ်..

"လမ်းကြုံလိုက်လို့ရပါသလား ခင်ဗျာ"

"ဘယ်ကိုသွားချင်လို့လဲ ငါ့တူ"

"နင်းခေးရွာကိုပါ... "

"ဟာ.. အတော်ပဲ ဦးတို့လည်း နင်းခေးကိုသွားမလို့ကွဲ့ ငါ့တူကံကောင်းသွားတယ် ကားကလူချောင်တယ် ကဲ တက်.. တက်"

"ကျေးဇူးပါခင်ဗျာ.... "

ကားဆရာနှင့်လမ်းပေါ်ရပ်နေသည့် လူငယ်တစ်ယောက် အပြန်အလှန်စကားပြောသံကိုကြားတော့မှ လိူင်းသက်ပြင်းချနိုင်တော့သည်။ ဤအနီးအနားရွာမှ ရွာသားတစ်ယောက် ကားစောင့်နေပုံရသည်။ သူမတို့ကားလာနေသည်ကိုမြင်တော့ လမ်းကြုံလိုက်လိုသဖြင့် တားလိုက်ခြင်းပင်။

ပုံပြင်ထဲကမင်းသားလေးDonde viven las historias. Descúbrelo ahora