Part-13

2.2K 141 8
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၁၃)

"ရှင်ဘယ်သူလဲ..... "

လိူင်းမရဲတရဲလေးမေးလိုက်သော်လည်း ထိုယောင်္ကျားပျိုကာ ဘာမှမတုန့်ပြန်။ လက်ထဲကိုင်လာသည့်အသီးအနှံတွေကို နေရာချနေတော့သည်။ လိူင်း ထိုလူ၏လူပ်ရှားမူမှန်သမျှကို မျက်လုံးအဝိုင်းသားနှင့် လိုက်ကြည့်နေမိ၏။

ပုခုံးထိဝဲကျနေသည့်ရွှေရောင်ဆံပင်တွေကြားမှ ထင်းလင်းနေသောမျက်နှာက ချောသည်ထက် ပိုပါသည်။ မျက်ခုံးထူထူ၊ မျက်လုံးစူးရဲရဲများ ၊ ပိရိသေသပ်သောနူတ်ခမ်းတို့က တမေ့တမောကြည့်မိသည်အထိ ဆွဲဆောင်မူရှိလှသည်။ ဖြူသည်ဆိုသည်ထက် ရွှေရောင်ဝင်းလက်နေသောအသားအရည်ကြောင့် လူပုံကပို၍ညှို့ချက်ပြင်းသွားသည်။

မြင့်မားသောအရပ်နှင့် ကျစ်လျစ်တောင့်တင်းသောကိုယ်ထည်တို့ကာ အတော်ကြည့်ကောင်းသည်ဟုဆိုရမည်။ သို့သော်ဝတ်ဆင်ထားသည့်အဝတ်အစားက တစ်မျိုးဆန်းကြယ်နေသည်။ ရွှေရောင်ကွပ်ထားသည့်အနက်ရောင်အင်္ကျီကာ ယခုခေတ်တွင်တွေ့မြင်နေရသည့် အဆင်မျိုးမဟုတ်ပါ။

အင်း... ဘယ်လိုပြောရမှာလဲ
ရှေးခေတ်ပုံပြင်ထဲက မင်းသားတွေဝတ်တတ်တဲ့ပုံစံမျိုး။ ဟုတ်တယ်... ပုံပြင်စာအုပ်ထဲသာတွေ့မြင်ရမည့် မင်းသားတစ်ပါးလို အသွင်ဒဏ္ဍာန်.  

လိူင်းသည် ထိုထူးဆန်းသောအသွင်အပြင်နှင့် ယောင်္ကျားကိုအကဲခတ်ကြည့်နေရင်းမှ ရုတ်တရက်ခေါင်းထဲဝင်လာသည့် အတွေးတစ်ခုကြောင့် ရင်ထဲထိတ်ခနဲ့ဖြစ်သွားသည်။

မိုးညို၏ကျောက်ဂူထဲတွင် သူ့အိမ်သူ့ယာလိုလူပ်ရှားနေသည့် ဘယ်ကရောက်လာမှန်းမသိသော ထူးဆန်းသောယောကျာင်္းတစ်ယောက်။ အသွင်အပြင်ကလည်းပုံပြင်ထဲကခုန်ထွက်လာသည့်မင်းသားတစ်ပါးနှင့်တူသည်။ ဂူအထဲတွင် မိုးညိုကိုလည်းလုံးဝမတွေ့ရပါ။

မဟုတ်မှလွဲ၍... သူ သူဟာမိုးညိုများလား
သူမဖတ်ဖူးသည့်ပုံပြင်ထဲကအတိုင်း မိုးညိုက လူသားအဖြစ်ပြောင်းလဲသွားသည်လား...

ဘုရားရေ...
မိုးညိုကကျိန်စာသင့်နေတဲ့မင်းသားလို့
နင်တွေးလိုက်သလား လိူင်း
ဘုရား ဘုရား နင်အတော်ရူးတာပဲ
ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ဒါပေမဲ့ဒီလူက ဘယ်ကရောက်လာသလဲ
သူ့ပုံစကလည်း ဘာလို့ထူးဆန်းနေသလဲ
မိုးညိုကရော ဘယ်ပျောက်နေသလဲ

ပုံပြင်ထဲကမင်းသားလေးحيث تعيش القصص. اكتشف الآن