Part-12

2.1K 142 3
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၁၂)

"လိူင်း ဘာဆုတောင်းနေသလဲ"

မီးထွန်းထားသောကြာပန်းလေးကို ရေထဲမျှောလိုက်ပြီးနောက် လိူင်းကမျက်လုံးလေးမှိတ်လျက် လိူင်းတောင်းဆုခြွေနေသည်ကို သူအငေးသားကြည့်နေခဲ့၏။ လိူင်းမျက်လုံးလေးဖွင့်လာသည်နှင့် သူစိတ်ဝင်စားစွာမေးလိုက်သည်။ လိူင်းကချစ်စဖွယ်ကောင်းအောင်ပြုံးလိုက်ရင်း...

"ထွေထွေထူးထူးမဟုတ်ပါဘူး မေမေတစ်ယောက်ရောက်လေရာဘဝမှာအေးချမ်းပါစေနဲ့လိူင်းလည်းအပူအပင်ကင်းပြီး အေးချမ်းရပါစေလို့ ဆုတောင်းတာပါ"

"လိူင်းဆုတောင်းပြည့်မှာပါ "

"ဒါနဲ့ကိုကိုရော ဘာတွေဆုတောင်းလဲဟင် "

မျက်လုံးလေးဝင့်လျက်စိတ်ဝင်တစားမေးလာသောလိူင်းကြောင့် နေမဟာတစ်ချက်ပြုံးလိုက်ရင်း

"ကိုကိုချစ်တဲ့မိန်းကလေးနဲ့အမြန်ဆုံးအတူနေခွင့်ရပါစေလို့ဆုတောင်းခဲ့တယ်"

"ဟင်.. ကိုကိုချစ်တဲ့မိန်းကလေးဟုတ်လား ကိုကို့မှာချစ်သူရှိနေပြီပေါ့"

"ချစ်သူတော့မဟုတ်သေးဘူးလိူင်း သူ့ဆီကအချစ်ကိုရဖို့ကိုကိုကြိုးစားရဦးမှာပါ"

"သေချာပေါက်ရမှာပါကိုကိုရဲ့ကိုကိုကရုပ်ချောတယ် ပညာတတ်တယ် အရေးအကြီးဆုံးက ကြင်နာပြီးဂရုစိုက်တတ်တယ် ကိုကို့ကိုဘယ်မိန်းကလေးကငြင်းပယ်နိုင်မှာလဲ "

သူ့ကိုပင်တဖန်ပြန်နှစ်သိမ့်နေသောလိူင်းကြောင့် နေမဟာသဘောကျစွာပင်ကြိတ်ပြုံးမိပြီး

"ဒါပေမဲ့အဲ့ဒီ့မိန်းကလေးကမတူဘူး ကွဲပြားတယ် ကိုကိုစိုးရိမ်နေမိတာတော့အမှန်ပဲ လိူင်းရောသူဘယ်သူလဲဆိုတာ မသိချင်ဘူးလား "

"ဟုတ်... သိချင်ပါတယ်"

ဘာမှမသိရှာသည့်လိူင်းက စိတ်ဝင်တစားခေါင်းညိတ်ရှာသည်။ ကော့ညွှတ်နေသောမျက်တောင်အောက်မှ မျက်ဝန်းလှလှလေးနှင့်လှရက်နိုင်လွန်းသော နူတ်ခမ်းဖူးဖူးလေးကိုငေးစိုက်ကြည့်ရင်း သူ့စိတ်တွေမျိုသိပ်မထားနိုင်တော့ဘဲ တစ်စုံတစ်ရာပြောရန်ရည်ရွယ်လိုက်စဉ်မှာပင်...

ပုံပြင်ထဲကမင်းသားလေးحيث تعيش القصص. اكتشف الآن