Part-8

2.2K 163 3
                                    

Unicode

~~ပုံပြင်ထဲကမင်းသားလေး~~
အပိုင်း(၈)

"လိူင်း.... လိူင်း "

ခေါ်သံတွေအဆက်မပြတ်နားထဲဝင်လာတော့ လိူင်းမျက်လုံးကို အားယူဖွင့်ကြည့်လိုက်မိသည်။ သူမကိုစိုးရိမ်တကြီးငုံ့ကြည့်နေသည့်မမိုတို့အုပ်စု။

"လိူင်း သတိရလာပြီလား တော်ပါသေးရဲ့ လိူင်းရယ် လိူင်းရေထဲပြုတ်ကျသွားတယ်ဆိုလို့ အစ်မတို့မှာစိုးရိမ်လိုက်ရတယ်"

မမမိုကဝမ်းသာအားရဆိုလိုက်သည့်တိုင် လိူင်းဘာကိုမှချက်ချင်းနားမလည်မိ။ ခေါင်းထဲရူပ်ထွေးနေသဖြင့်

"လိူင်း ဘာဖြစ်သွားသလဲဟင် မမ"

"ဟင် လိူင်းရေကန်ထဲပြုတ်ကျသွားတယ်လေ အစ်မတို့ကိုနိုရာလာပြောတော့အစ်မတို့အားလုံးအပြေးလာခဲ့တာပဲ လိူင်းကိုဒီကျောက်ဆောင်ပေါ်မှာ သတိလစ်နေရတာတွေ့လိုက်ရတယ်"

မမမိုစကားကြောင့် လိူင်းအခြေအနေကို တဖြည်းဖြည်းနားလည်သွားသည်။ ရုတ်တရက်လိုပင် သူ့ကိုသတိရလိုက်မိတော့...

"သူ .... သူရောဟင် "

"ဟင် ဘယ်သူလဲ ဘယ်သူ့ကိုပြောသလဲ "

မမမိုကအူကြောင်ကြောင်ပြန်မေးတော့ လိူင်းကိုယ်တိုင်ကလည်း ရူပ်ထွေးသွားရင်း

"လိူင်းကို ရေပေါ်ဆွဲတင်ပြီး ကယ်ပေးတဲ့သူလေ"

"လိူင်းဘာတွေပြောနေသလဲ အစ်မတို့ လိူင်းကိုဒီမှာတစ်ယောက်တည်းပဲတွေ့တယ် လိူင်းကိုယ့်ဘာသာကိုရေကူးပြီး တက်လာတာမဟုတ်ဘူးလား"

လိူင်းမှရေမကူးတတ်တာဟုပြောရန်ပြင်ပြီးမှ လိူင်းမပြောဖြစ်ပါ။ သူမသတိမမေ့မျောခင်က မြင်တွေ့လိုက်ရသည့်အရာတကယ်ဟုတ်မဟုတ် လိူင်းကိုယ်တိုင် ဇဝေဇဝါဖြစ်သွားတော့သည်။

ရွှေရောင်တလက်လက်ထသွားသည့်ရေပြင်...
ပြီးတော့ရွှေရောင်ဆံပင်တွေနှင့်လူ
သူမထင်ယောင်ထင်မှားဖြစ်ခဲ့သည်လား။

လိူင်း မသဲကွဲတော့ပါ။ သို့သော် သူမကိုဘယ်သူကရေထဲကဆယ်ယူခဲ့သနည်း။ ကုန်းပေါ်ပြန်ရောက်နေသည်ကတော့ ထူးဆန်းလှပါသည်။

ပုံပြင်ထဲကမင်းသားလေးWhere stories live. Discover now