အပိုင်း-၁(Unicode)

130 18 0
                                    

သူနဲ့ကျွန်တော် နွေဦးတော်လှန်ရေးမှာ
မတော်တဆ တွေ့ဆုံခဲ့တယ်။

သူက ပြည်သူတွေကိုကာကွယ်ပေးတဲ့
ဒိုင်းကာတစ်ယောက်။

ကျွန်တော်က ရိုးရိုးသာမန်
ဆန္ဒပြကျောင်းသားတစ်ယောက်။

သူနဲ့ ကျွန်တော် စတွေ့ပုံက‌
နည်းနည်းတော့ရယ်ရတယ်ဗျ....

အဲ့နေ့ကကျွန်တော်လဲဆန္ဒပြရင်းဟိုကြည့်ဒီကြည့်ပေါ့..
အမှတ်မထင်​​​လေးပဲ အဲ့ဒီလူကကျွန်တော့်မျက်စိရှေ့
ရောက်ချလာတာ..
သူ့ကြည့်ရတာစိတ်နဲ့လူနဲ့မကပ်ဘူးထင်တယ်
Maskကြီးတပ်ပီး ရေ​မော့သောက်နေသတဲ့.. ‌
သူကိုယ့်သူပြန်သတိထားမိတော့ တစ်​ယောက်ထဲ
ရူးသလိုလို ကြောင်သလိုလိုနဲ့ရယ်နေလေရဲ့။

တစ်အောင့်နေတော့သူ့သူငယ်ချင်းတွေက
လှမ်းခေါ်လို့ထင် ပြေးအသွားမှာချော်လဲပါလေရော..
ဒါပေမဲ့‌ သူကတော်တော့တော်ပါတယ်
မျက်ရည်ယိုဗုံးတွေဟိုဘက်ကပစ်လာတော့
သူလဲကြိုးစားပမ်းစားနဲ့‌ရေစိုစောင်လိုက်အုပ်ပေးရှာသား။

တကယ်ကိုဗျကြောင်တောင်"နဲ့
ချစ်စရာလဲကောင်းသလို ရယ်လဲရယ်ရတယ်

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့ကသေနတ်​ဖောက်တော့
လူ​တွေရုတ်ချည်းဆိုသလိုပြေးလွှားနေကြပေမဲ့
ကိုလူချောက မျက်ရည်ယိုဗုံးကြောင့်ထင်
မွှန်ပြီးလဲကျမလိုဖြစ်​နေလို့ ကျွန်တော့်မှာသူကို 
အတင်းပြေးဆွဲရ‌သေး။

ပြေးရင်း အိမ်တစ်အိမ်ကအန်တီကြီးတစ်ယောက်က
"သားတို့ ဒီကိုလာ ဒီမှာ၀င်ပုန်း"ဟုခေါ်နေသဖြင့်
ကျွန်တော့လဲသူ့လက်ကိုဆွဲကာ
ထိုအိမ်ထဲ၀င်ပုန်းနေလိုက်သည်။

အိမ်ထဲမှာကျွန်တော်တို့လိုဝင်ပုန်းနေသူ
ခြောက်ယောက်လောက်​တော့ရှိသည်။

သူကိုပြန်ကြည့်လိုက်တော့ အိုးး..​မျက်ရည်ယိုဗုံး‌‌
ကြောင့်မျက်လုံးနှစ်လုံးစလုံးမှာမဖွင့်နိုင်ပဲ
မျက်ရည်များပင်စီးကျ​နေ​လေရဲ့

ကျွန်ဝောာ်လဲ လွယ်အိတ်ထဲကကိုလာဗူးကို
ထုတ်ဖွင့်ပြီးမျက်လုံးဆေးပေးဖို့လုပ်နေတဲ့အချိန်

SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]Where stories live. Discover now