အပိုင်း၅(Zawgyi)[Ending]

57 7 0
                                    

မနက်​အိပ်ယာကနိုး​တော့အချိန်မှာ8နာရီဖြစ်​လေပီ
ညကအိပ်မ​ပျော်တာ​ကြောင့်ထင်
အိပ်​ရေးမဝသလိုခံစား​နေရသည်..
ကောင်​လေးက​တော့ဘယ်ချိန်တည်းကထသွားမှန်းမသိ

မျက်နှာသစ်သွားတိုက်​ ရေမိုးချိုး
အဝတ်အစားလဲပီး​နောက်​ နံနက်စာစားရန်
အောက်ထပ်ကိုဆင်းလာခဲ့သည်..

"ဟာ အကိုနိုးပီလား ​မောနင်း"

ဟုပြုံးရွှင်ကာနှုတ်ဆက်​လေသူ
မ​နေ့ညကကိစ္စကိုဘာမှမဖြစ်သလို
သ​ဘောထား​နေတာလား?
စိတ်ထဲသိပ်မကြည်​သေးတာမို့
အလိုက်အသင့်သာပြန်​ပြောလိုက်​သည်

"အကိုကအိပ်ပုတ်ကြီးလိုက်တာ
ကျွန်​တော်ဆိုအ​စောကြီးထဲက
ရေမိုးချိုးအဝတ်အစားလဲပီးပီ
ခုမနက်စာစားပီးသပိတ်ထွက်ရုံပဲ ဟီးး"

"အံမယ် ငါကမေသက်​လောက်​တောင်အိပ်ပုတ်မကြီး
ပါဘူးကွ..နောက်ကျတာမ​နေ့ညကအိပ်မ​​ပျော်လို့"

"ဘာလို့အိပ်မ​ပျော်တာလဲ"

သေစမ်း ဘာလို့အိပ်မ​ပျော်ဘူးလို့သွား​ပြောမိပါလိမ့်

"အဲ့တာ..ဟို.."

"အာ..ကျွန်​တော်ရှိလို့အိပ်မ​ပျော်တာထင်တယ်
အကိုကအရင်ကတစ်​ယောက်ထဲအိပ်​နေကြဆို​တော့
ကျွန်​တော်ရှိ​တော့အိပ်ရတစ်မျိုးကြီးဖြစ်​နေတာထင်တယ်..အားနာလိုက်တာ"

သူ့သ​ဘောနဲ့သူ​​တွေးဆဆ​ပြော​နေလာတဲ့စကား​ကြောင့်နည်းနည်း​​တော့စိတ်သက်သာရာရမိသည်

"ဟမ်..အွန်းအွန်း..ရပါတယ်"

"ခဏ​နော်အကို ကျွန်​တော်သွားကူလိုက်အုံးမယ်"

ဟုဆိုကာအ​မေ့ကိုစားပွဲကူပြင်​ပေး​နေ​လေသည်
ဒီ​ကောင်​​လေးဟာ ​အလိုက်သိပီးဖော်​ရွေတတ်သား

မနက်စာစားပီး​နောက် အပြင်မထွက်ခင်
စိုင်း​ဝေသူ့လွယ်အိတ်သူစစ်ကြည့်​နေ​လေသည်

"မင်းဘာလို့ အဲ့စာအုပ်အထူကြီး​တွေထည့်ထားတာလဲ"

ကျွန်​တော်​မေးလိုက်​တော့ သူကသူ့လွယ်အိတ်ထဲက စာအုပ်​ထူကြီးတွေထံလက်ညိုးညွှန်ပြလျက်

You've reached the end of published parts.

⏰ Last updated: May 25, 2021 ⏰

Add this story to your Library to get notified about new parts!

SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]Where stories live. Discover now