အပိုင်း-၂(Unicode)

65 16 0
                                    

"အခန်းထဲက ကာလနဂါးမရေ ထတော့ဟေ့"

၉နာရီခွဲ ကျောင်းသပိတ်စစ်ကြောင်းနဲ့
ချိန်းထားပါသောလဲ လိုက်မယ်တကဲကဲဆိုတဲ့
မေသက်ဟာ ၈ခွဲထိမနိုးသေး ။ ကျွန်တော်
ထိုကာလနဂါးမကို ​အော်နှိူးပြီး​နောက်အမေပြင်ပေးတဲ့
မနက်စာကိုစားလိုက်သည်။

မေသက်က​တော့၉နာရီမှအတင်း​တွေကုန်းရုန်းထပြီး
ပြင်ဆင်​နေလေရဲ့ ။

သပိတ်ကြောင်းကသိပ်မဝေးတဲ့နေရာမှာလူစုသည်မို့
သာတော်သေး မဟုတ်ရင်နောက်ကျ​သွားတော့မှာ
အသေအချာပင် ။

ကျွန်တော်သူငယ်ချင်းတွေနဲ့လေဖောနေတုန်း
ရင်းနှီးတဲ့အရိပ်ကလေးကိုတွေ့လိုက်မိသဖြင့်
လိုက်ရှာမိတော့ တကယ်ကြီးဟိုကောင်လေးဖြစ်နေသည် ။

"ညီ!!"
ထို ကောင်လေးကို လှမ်းခေါ်လိုက်တော့

"ညီ?" ဘေးမှာရပ်နေတဲ့ မေသက်က ကျွန်တော့်ကို ထူးဆန်းတဲ့မျက်လုံး​တွေနှင့်ကြည့်နေသည်။

ထိုကောင်လေးလဲကျွန်တော့်ကို သတိထားမိသည်နှင့်
လက်ပြကာ ကျွန်တော့်ဆီအ​ပြေးအ​လေး​ရောက်လာသည်။ လက်ထဲမှာလဲ
"We Totally Against The Military"
ဆိုတဲ့ Banner လေးကို ကိုင်လျက်...။

"အကို‌လဲ ဒီကျောင်းကပဲလား
ကျွန်တော်ရောပဲ ဟီးဟီးး"

"ဟုတ်တယ်ညီ..ရော့ သောက်ပါအုန်း"

ကျွန်တော်လဲ လက်ထဲကိုင်ထားတဲ့အအေးဘူးနှစ်ဘူးကို
ထိုကောင်လေးကိုပေးလိုက်သည် ။ အစက​တော့မေသက်အတွက်ယူလာတာပါ ဒါ​ပေမယ့် အဲ့ခွေးမလေးထက်
ဒီကောင်လေးကို တိုက်လိုက်တာမှအရေးအကြောင်းဆို ကူဖော်လောင်ဖက်ရမယ်ထင်တာမို့ ။

"အကို မနေ့ကကျွန်တော်နာမည်မိတ်မဆက်ရသေးဘူးမလား ကျွန်တော်နာမည်က စိုင်းဝေယံအောင်"

ကျွန်တော်လဲပြုံးပြကာ ဟို​​လျှောက်ပြောဒီ​လျှောက်
ပြောပေါ့ ။

မေသက်ကတော့ ငါအနံ့တစ်ခုရနေတယ်ဆိုတဲ့
မျက်နှာထားဖြင့် ကျွန်တော်တို့နှစ်ယောက်ကြည့်နေသည် ။
ဒီ​ခေတ်​ကောင်မ​လေး​တွေက​တော့မလွယ်ပါဘူးဗျာ..

SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]Where stories live. Discover now