နောက်ရက်တွေမှာလဲ ကောင်လေးနဲ့တူတူ
ဆန္ဒပြဖြစ်ကြတယ်။တခါတလေ မေသက်ပါပါတာပေါ့
သူကအခုဆို ဟိုကောင်လေးတို့teamထဲက
ကောင်မလေးနဲ့ခင်တောင်ခင်နေလေပီ
အော်..ကိုယ့်ညီမကလက်သွက်သလောက်
အကိုကဘာကြောင့်များFaဖြစ်နေရတာပါလိမ့်..ဟုသာ
နက်နက်နဲနဲခပ်ဆွေးဆွေးလေးတွေးမိတော့သည်တစ်နေ့ပီးတစ်နေ့လမ်းလျှောက်ဆန္ဒပြလိုက်
ထိုင်သပိတ်နွှဲလိုက် စေတနာရှင်အလှူရှင်တွေ
ကျွေးမွေးတာစားလိုက်ဖြင့် စိုပြေနေခဲ့သည်
တချို့သပိတ်ကြောင်းတွေကို
အားသုံးဖြိုခွင်းတာလေးတွေရှိပေမယ့်
လက်ရှိကျွန်တော်တို့သပိတ်ကြောင်းကတော့
အေးဆေးပင် မေသက်ဆို မုန့်တွေအအေးတွေကို
အိမ်အထိသယ်သွားပေမယ့်
သဘောကောင်းလှသည့်ကျွန်တော်ကတော့
ကိုယ့်မှာပိုနေသည့်မုန့်များကို တခြားမရသေးသူတွေ
အတွက်တဆင့်ပြန်ဝေပေးခဲ့သည်ကျွန်တော်တော်တယ်မလား..ဟဟ
နောက်တစ်နေ့ ကျွန်တော်တို့တသိုက်နေရာလွတ်တစ်ခုရှာထိုင်၍အလှူရှင်လှူထားတဲ့ထမင်းကြော်ဘူးလေးဖွင့်စားနေတုန်း ကောင်လေးကပါသူ့သူငယ်ချင်းတွေနားမနေပဲ ထမင်းဘူးလေးကိုင်ကာကျွန်တော့်နားရောက်လာခဲ့သည်
"အကိုကြက်ဥကြော်ယူမလား"
ကျွန်တော်တစ်ခုခုပြန်ပြောမည်အလုပ်
ဖောင်း!!
"ပစ်နေပီ ပြေးဟေ့ ပြေးကြ"
ရုတ်ချည်းပြောင်းလဲသွားတဲ့ အခြေအနေတွေကြောင့်
လူကကြောင်အမ်းအမ်းဖြစ်နေချိန်
ဘေးမှကောင်လေးကကျွန်တော့်လက်ကိုဆွဲလျက်
တစ်ချိုးထဲထပြေးလေသည် ကျွန်တော်တို့ထမင်းဘူးတွေလဲဘယ်နားကျန်ခဲ့လို့ကျန်ခဲ့မှန်းမသိ..ခပ်ဝေးဝေးရောက်မှ အကုန်အမောဖြေနေစဉ်
"ဘာ..ဘာဖြစ်တာတုန်း သေနတ်ပစ်တာလား"
ကျွန်တော်ကောင်လေးကိုမေးတော့
သူလဲသေချာမသိဘဲ ပြေးဆိုလို့ပြေးလာသည်တဲ့
ငါ့နှယ့် ပတ်ဝန်းကျင်ကိုလိုက်လံမေးကြည့်တော့မှ
သောက်ကျိုးနည်း ကားဘီးပေါက်တာဆိုပဲ
မသိပါဘူး သေနတ်ဖောက်တာထင်ပီး
နောက်ကျတဲ့ခြေထောက်သစ္စာဖောက်လို့မှတ်ရင်း
အုပ်လိုက်ကြီးအသားကုန်အော်ပြေးလာကြတာ
ရှက်ဖို့ကောင်းလိုက်တာဗျာ..
အကြောင်းစုံသိရတော့ကိုယ်အပါအဝင်
အကုန်လုံးဟာလဲရီရခက်ငိုရခက်
YOU ARE READING
SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]
Nouvellesနွေဦးတော်လှန်ရေးမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိုင်းကာလေး....။