မနက်အိပ်ယာကနိုးတော့အချိန်မှာ8နာရီဖြစ်လေပီ
ညကအိပ်မပျော်တာကြောင့်ထင်
အိပ်ရေးမဝသလိုခံစားနေရသည်..
ကောင်လေးကတော့ဘယ်ချိန်တည်းကထသွားမှန်းမသိမျက်နှာသစ်သွားတိုက် ရေမိုးချိုး
အဝတ်အစားလဲပီးနောက် နံနက်စာစားရန်
အောက်ထပ်ကိုဆင်းလာခဲ့သည်.."ဟာ အကိုနိုးပီလား မောနင်း"
ဟုပြုံးရွှင်ကာနှုတ်ဆက်လေသူ
မနေ့ညကကိစ္စကိုဘာမှမဖြစ်သလို
သဘောထားနေတာလား?
စိတ်ထဲသိပ်မကြည်သေးတာမို့
အလိုက်အသင့်သာပြန်ပြောလိုက်သည်"အကိုကအိပ်ပုတ်ကြီးလိုက်တာ
ကျွန်တော်ဆိုအစောကြီးထဲက
ရေမိုးချိုးအဝတ်အစားလဲပီးပီ
ခုမနက်စာစားပီးသပိတ်ထွက်ရုံပဲ ဟီးး""အံမယ် ငါကမေသက်လောက်တောင်အိပ်ပုတ်မကြီး
ပါဘူးကွ..နောက်ကျတာမနေ့ညကအိပ်မပျော်လို့""ဘာလို့အိပ်မပျော်တာလဲ"
သေစမ်း ဘာလို့အိပ်မပျော်ဘူးလို့သွားပြောမိပါလိမ့်
"အဲ့တာ..ဟို.."
"အာ..ကျွန်တော်ရှိလို့အိပ်မပျော်တာထင်တယ်
အကိုကအရင်ကတစ်ယောက်ထဲအိပ်နေကြဆိုတော့
ကျွန်တော်ရှိတော့အိပ်ရတစ်မျိုးကြီးဖြစ်နေတာထင်တယ်..အားနာလိုက်တာ"သူ့သဘောနဲ့သူတွေးဆဆပြောနေလာတဲ့စကားကြောင့်နည်းနည်းတော့စိတ်သက်သာရာရမိသည်
"ဟမ်..အွန်းအွန်း..ရပါတယ်"
"ခဏနော်အကို ကျွန်တော်သွားကူလိုက်အုံးမယ်"
ဟုဆိုကာအမေ့ကိုစားပွဲကူပြင်ပေးနေလေသည်
ဒီကောင်လေးဟာ အလိုက်သိပီးဖော်ရွေတတ်သားမနက်စာစားပီးနောက် အပြင်မထွက်ခင်
စိုင်းဝေသူ့လွယ်အိတ်သူစစ်ကြည့်နေလေသည်"မင်းဘာလို့ အဲ့စာအုပ်အထူကြီးတွေထည့်ထားတာလဲ"
ကျွန်တော်မေးလိုက်တော့ သူကသူ့လွယ်အိတ်ထဲက စာအုပ်ထူကြီးတွေထံလက်ညိုးညွှန်ပြလျက်
YOU ARE READING
SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]
Proză scurtăနွေဦးတော်လှန်ရေးမှာ အမှတ်မထင်တွေ့ဆုံခဲ့တဲ့ ကောင်လေးတစ်ယောက်နဲ့ ဒိုင်းကာလေး....။