အပိုင်း-၃(Unicode)

50 8 0
                                    

နောက်ရက်တွေမှာလဲ ကောင်လေးနဲ့တူတူ
ဆန္ဒပြဖြစ်ကြတယ်။

တခါတ​လေ​​ မေသက်ပါပါတာ​ပေါ့
သူကအခုဆို ဟို​ကောင်​လေးတို့teamထဲက
​ကောင်မ​လေးနဲ့ခင်​​တောင်ခင်​နေ​လေပီ
​အော်..ကိုယ့်​ညီမကလက်သွက်သ​လောက်
အကိုကဘာ​ကြောင့်များFaဖြစ်​နေရတာပါလိမ့်..ဟုသာ
နက်နက်နဲနဲ​​ခပ်​ဆွေး​ဆွေး​လေးတွေးမိ​တော့သည်

တစ်​နေ့ပီးတစ်​နေ့​လမ်း​လျှောက်ဆန္ဒပြလိုက်
ထိုင်သပိတ်နွှဲလိုက် စေတနာရှင်အလှူရှင်​တွေ​​
ကျွေး​မွေးတာစားလိုက်ဖြင့် စို​ပြေ​နေ​ခဲ့သည်
တချို့သပိတ်​ကြောင်း​တွေကို
အားသုံးဖြိုခွင်းတာ​လေး​တွေရှိ​ပေမယ့်
လက်ရှိကျွန်​တော်တို့သပိတ်​ကြောင်းက​တော့
အေး​ဆေးပင် ​မေသက်ဆို မုန့်​တွေအ​အေး​​တွေကို
အိမ်အထိသယ်သွား​​ပေမယ့်
သ​ဘော​ကောင်းလှသည့်ကျွန်​တော်က​တော့
ကိုယ့်မှာပိုနေသည့်မုန့်များကို တခြားမရ​သေးသူ​တွေ
အတွက်တဆင့်ပြန်​ဝေ​ပေးခဲ့သည်

ကျွန်​တော်​​တော်တယ်မလား..ဟဟ

​နောက်တစ်​နေ့ ကျွန်​တော်တို့တသိုက်​နေရာလွတ်တစ်ခုရှာထိုင်၍အလှူရှင်လှူထားတဲ့ထမင်း​ကြော်ဘူး​လေးဖွင့်စား​နေတုန်း ​ကောင်​လေးကပါသူ့သူငယ်ချင်း​တွေနားမ​နေပဲ ထမင်းဘူး​လေးကိုင်ကာကျွန်​တော့်နား​ရောက်လာခဲ့သည်

"အကိုကြက်ဥ​ကြော်ယူမလား"

​ကျွန်​တော်တစ်ခုခုပြန်​ပြောမည်အလုပ်

ဖောင်း!!

"ပစ်​နေပီ​ ပြေး​ဟေ့ ပြေးကြ"

ရုတ်ချည်း​ပြောင်းလဲသွားတဲ့ အ​ခြေအ​နေ​တွေ​ကြောင့်
လူက​ကြောင်အမ်းအမ်းဖြစ်​နေချိန်
​ဘေးမှ​ကောင်​လေးကကျွန်​တော့်လက်ကိုဆွဲလျက်
တစ်ချိုး​ထဲ​ထပြေး​လေသည် ကျွန်​တော်တို့ထမင်းဘူး​တွေလဲဘယ်နားကျန်ခဲ့လို့ကျန်ခဲ့မှန်းမသိ..

ခပ်​ဝေး​ဝေးရောက်မှ အကုန်အ​မော​ဖြေ​​နေစဥ်

"ဘာ..ဘာ​ဖြစ်တာတုန်း ​သေနတ်ပစ်တာလား"

ကျွန်​တော်​ကောင်​လေးကို​မေး​တော့
သူလဲ​သေချာမသိ​ဘဲ ​ပြေးဆိုလို့​ပြေးလာသည်တဲ့
​ငါ့နှယ့် ပတ်ဝန်းကျင်ကိုလိုက်လံ​မေးကြည့်​တော့မှ
​သောက်ကျိုးနည်း ကားဘီး​ပေါက်တာဆိုပဲ
မသိပါဘူး ​​သေနတ်​​ဖောက်တာထင်ပီး
​နောက်ကျတဲ့​ခြေ​ထောက်သစ္စာ​ဖောက်လို့မှတ်ရင်း
အုပ်လိုက်ကြီးအသားကုန်​အော်​ပြေးလာကြတာ
ရှက်ဖို့​ကောင်းလိုက်တာဗျာ..
အ​ကြောင်းစုံသိရ​တော့ကိုယ်အပါအဝင်
အကုန်လုံးဟာလဲရီရခက်ငိုရခက်

SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]Where stories live. Discover now