အပိုင်း-၄(Unicode)

47 9 0
                                    

လူနည်းသည့်နေရာလဲအရောက်
သွား​နေသည့်ကျွန်တော့်ခြေလှမ်း​များကို
တိကနဲရပ်တန့်လိုက်ကာ အနောက်ကိုလှည့်ရင်း

"စိုင်းဝေယံအောင် မင်း _ီးဖြစ်နေတာလား!"

ကျွန်တော့်ကိုငုံ့ကြည့်ပြီး
သွားလေးတွေပေါ်သည်အထိ
ရယ်ပြ​နေတဲ့ထိုကောင်လေး ။
သူ့ကိုဆဲတာ ပန်းနဲ့ပေါက်သည့်အလား​ပျော်နေဟန် ။

ကျွန်တော်လဲ မျက်မှောင်ကျုံ့ကာ
ခပ်တန်းတန်းပြန်‌ကြည့်​ပေးလိုက်သည် ။

"အကိုကျွန်တော့်ကို စိတ်ဆိုးနေတာလား"

တကယ်ကြီးစိတ်ဆိုး​နေတာမှန်​ပေမယ့်
ကျွန်တော်ကလူကြီး​​လေ
စိတ်ဆိုး​နေ​ကြောင်း​ပြောလိုက်ရင်
က​လေးဆန်ရာ​ရောက်​မည်ဟု​တွေးမိသဖြင့်
ပြန်မဖြေမိ​တော့..

"ကျွန်တော် တောင်းပန်ပါတယ် "

" _ီးကို တောင်းပန်...ဒီရက်တွေငါ့မှာ
မင်းသေလားရှင်လားမသိ သတင်းတောင်မကြားရဘူး..
ဖုန်းဆက်တော့လဲ ဖုန်းပိတ်ထား...."

"ကျွန်တော်တမင် ဖုန်းပိတ်တာမဟုတ်ဘူး...
ဟိုတ​နေ့ကရဲ​လိုက်ဖမ်းလို့ထွက်​ပြေးရင်း
ကျကွဲသွားတာ အခုပြင်ဆိုင်ပို့ထားရတယ်
အဲ့​နေ့မှာပဲကျွန်တော်တို့‌အ‌ဆောင်က
သူငယ်ချင်း ရော်ဘာကျည်ထိလို့
အဲ့ဒါသူ့ကို‌‌ဂရုစိုက်နေတာနဲ့ဆက်သွယ်ဖို့​မေ့သွားတာပါကျွန်တော်တောင်းပန်တယ်နော်....နော်..."

သူ့အကြောင်းနဲ့သူဆိုတော့ ကျွန်တော်လဲသူ့ကို
အပြစ်မတင်မိတော့ ။

"အေးအေး.."

"အကို ခဏနေသပိတ်သိမ်းရင်အတူပြန်ကြမလား"

ကျွန်တော်လည်းခေါင်းညိတ်ပြလိုက်သည်။

သပိတ်သိမ်းတော့ ညနေ ၅နာရီ..။

ကောင်‌လေးက ကျွန်တော်ကိုအိမ်ပြန်လိုက်ပို့​ပေးသည်
ဒီရက်ပိုင်းဆန္ဒပြတဲ့သူတွေကိုပါလိုက်ဖမ်းနေတာမို့ ။
သူ့ရဲ့ Defenseပစ္စည်းတွေရယ် Bannerတချို့ရယ်ကို ကောင်လေးကသူတို့ဖွက်နေကြနေရာလေးမှာ
သွားဖွ‌က်နေသည် ။

ကျွန်တော်ကတော့ သူ့အတွက်ကိုလာဘူးလေး
ကိုင်ကာ ရပ်စောင့်နေရတာပေါ့ ။
အိမ်ပြန်လမ်းမှာ ကောင်လေးက ဒီသုံးရက်အတွင်းသူဖြစ်သမျှအကြောင်းကို သွားတဖြီးဖြီးဖြင့်ပြောပြသည်။
​​ရှေ့တန်းဒိုင်းကာသမားဖြစ်သူပီပီရင်ဆိုင်ခဲ့ရတဲ့
အ​ကြောင်းအရာ​ပေါင်းစုံကို​​ဟာသ​နှော၍ပြောပြသဖြင့်
ကျွန်​တော့်မှာစိုးရိမ်​ပေးချိန်​ပင်မရ
တခွီးခွီးနှင့်လိုက်ရီ​နေမိ​​တော့သည်..

SPRING'S DIARY (Uni/Zaw)[Completed][Myanmar BL OC]Where stories live. Discover now