အခန်း ၃၅ ။ စိတ်ကို အလျှော့ပေး

2.1K 422 30
                                    

"Burmese Translation of "GUOMEN" By Priest"

အခန်း ၃၅ ။ စိတ်ကို အလျှော့ပေး

ရွှီရှီးလင်က သော်ရွှင်းကို အလိုလို လှမ်းကြည့်မိလိုက်သည်။ သူနှင့်သုံးလှမ်းသာကွာသည့် သော်ရွှင်းက ဘာခံစားချက်မှ မပြဘဲ ရှေ့ကိုကျော်ပြီးငေးနေသည်။ သော်ရွှင်း ခပ်တောင့်တောင့်ရပ်နေပြီးနောက် တိတ်တဆိတ် ထွက်သွားသည်။

သော်ရွှင်းတွင် ထွက်သွားရန်ကလွဲ ရွေးစရာမရှိတော့ပေ။ သူ ပုံမှန်ဆို အကြောင်းရင်းကျော်လွန်ပြီး ခေါင်းမာသော်ငြား လော့ပင်းက အခုသူ့ကိုပြုံးပြချိန် မည်မျှပင် မပျော်ပါစေ သူသည်းခံမှရမည်ဟု ရုတ်တရက် နားလည်သွားသည်။ သူ လွှတ်ခနဲလုပ်မိသည့် တုံ့ပြန်မှုမှန်သမျှ 'မလိုအပ်သည့်ပြဿနာ'ကို ဖြစ်စေနိုင်သည်။

သူက အမြဲတမ်း  သီးခြားနေတတ်ပြီး မာနကြီးသည့်သူ။ တစ်ကိုယ်ကောင်းဆန်ပြီး 'တခြားလူတွေရဲ့ အထင်အမြင်' ဆိုသည့် အရေးမပါသောအရာကို သတိထားခြင်းသည်ရှားလှသည်။

ဒါပေမဲ့  လော့ပင်းမျက်ဝန်းတွေထဲမှာ သူသတိထားမိသွားခဲ့သည်။တခြားသူတွေအမြင်မှာ သူဟာ သူငယ်ချင်းကောင်းတစ်ယောက်ပင်။ သူငယ်ချင်းများသည် ကိုယ်ရေးကိုယ်တာကိစ္စများတွင် အလိုက်တသိရှောင်ပေးသင့်သည်။

သော်ရွှင်းကို ချော့ရတာ အကျင့်ဖြစ်လုနီးပါးဖြစ်နေသည့် ရွှီရှီးလင်အတွက် သော်ရွှင်းက ရုတ်တရက် အင်မတန် နားလည်ပေးတတ်နေခြင်းကို အလွန်အမင်း ကျင့်သားမရဖြစ်နေသည်။ သူ မတွေးမိဘဲ လိုက်မိသွားမိတော့မတတ်ပင်။

သူ့အတွေးက အခြားတစ်ယောက်ဆီ ရောက်နေ၍ လော့ပင်း၏ စိတ်မသက်သာမှုနှင့် စိတ်လှုပ်ရှားနေမှုမှာ သူ့အပေါ် မသက်ရောက်တော့ပေ။ ရွှီရှီးလင် ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးနေအောင် ထိန်းကာ စိတ်အနည်းငယ်မရှည်စွာ မေးလိုက်သည်။
"ရတာပေါ့၊ ဘာကိစ္စလဲ"

ထိုစကားလုံးများနှင့်ပတ်သတ်၍ မှားတာမရှိသော်ငြား ပြောသည့်လူ၏ အပြုအမူသည် အေးစက်လား နွေးထွေးလားဆိုတာကိုတော့ အခြားသူများ ခံစားနိုင်သည်။ လော့ပင်း ချက်ချင်း ပိုပြီးစိတ်လှုပ်ရှားလာကာ အဆက်အစပ်မရှိဆိုလိုက်သည်။
"ငါပြောချင်တာက... အာ... အမှတ်ပိုတွေအကြောင်း ဆရာမငါ့ကိုပြောပြတယ် ကျေးဇူးတင်ပါတယ်၊ ပြီးတော့ အရင်တုန်းက နင်ငါ့ကို လက်ဆောင်သေးလေးတွေ အများကြီးပေးခဲ့ပေမဲ့ ဘယ်တော့မှ တိုက်ရိုက်... ငါ တကယ်..."

Through The Strait Gates//过门 [Completed]Where stories live. Discover now