"Burmese Translation of "GUOMEN" By Priest"
အခန်း ၃၈ ။ စာထူးချွန်သော နိုင်လိုမင်းထက်ပြုမူသူ၏ တက်ကြွမှု
မိသားစု၏အထောက်အပံ့ထောက်တိုင်ဖြစ်ရန် စိန်ခေါ်မှုကို လက်ခံလိုက်သည့် ဆုံးဖြတ်ချက်ကို ရွှီရှီးလင် တစ်ခါထက်မက ချခဲ့ဖူးသည်။ ပထအတစ်ကြိမ်က သူ သတင်းဆိုးအကြောင်း အဖွားအားပြောပြဖို့ အိမ်ပြန်လာစဉ်ကဖြစ်သည်။ ဒုတိယတစ်ကြိမ်မှာ ကျန့်ရှို့ သူ့ကိုအုပ်ထိန်းဖို့ ရည်ရွယ်ချက်နှင့် လာခဲ့ချိန်ကဖြစ်သည်။ အန်တီတုပြန်ပြီး အဖွားက အိမ်ရောင်းချင်သည့်အချိန်နှင့်ပါဆိုလျှင် တတိယအကြိမ်ရှိပြီ။
ပထမတစ်ကြိမ်တွင် သူတစ်ခဏတာ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ခဲ့သည်။ အပြင်လူများရှေ့တွင်တော့ သူက အခြေအနေကို ထိန်းချုပ်နိုင်သည့်ပုံပင်။ ထို့နောက်တွင်တော့ သူယိုင်လဲပြီး လဲကျသွားခဲ့သည်။
ဒုတိယတစ်ကြိမ်တွင်တော့ သူ့ကိုလှုံ့ဆော်မှုပေးခဲ့သူက ကျန့်ရှို့ဖြစ်သည်။ ထိုအပြင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကလည်း သူ့ရှေ့တည့်တည့်တွင်ရှိနေခဲ့သည်။ ဒီ နှစ်ချက်က သူ့ကို သော်ရွှင်း၏ ဂရုစိုက်မှုအောက် လမ်းကြောင်းပေါ် ပြန်ရောက်စေကာ နေ့ရက်များကို ဂရုတစိုက်ဖြတ်ကျော်ခဲ့သည် ။ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲပြီးသွားသည်နှင့် သူ၏မူလဦးတည်ချက်ပျောက်ဆုံးကာ တစ်ခါမှမကိုင်တွယ်ဘူးသည့် အိမ်မှုကိစ္စများကြောင့် ခြေကုန်လက်ပန်းကျကာ စိတ်ဓာတ်ကျလုနီးပါးဖြစ်သွားသည်။
ရွှီရှီးလင်မှာ သူ ဘာမှမလုပ်ဘဲ ဒီတိုင်းဆက်နေရင် ပန်းတိုင်အသစ်များသာထပ်တလဲလဲ သတ်မှတ်နေသည့် ထိုပေါ့ပျက်ပျက်လူများလိုဖြစ်လာမည်ဟု ခံစားနေရသည်။
ဂရုတစိုက်လေ့လာမှုအရ သော်ရွှင်းက ကိစ္စများကိုရင်ထဲ သိမ်းမထားသည့် အဓိကအကြောင်းရင်းမှာ အင်မတန်ဖန်တီးယူတတ်သော သူမျိုးဖြစ်၍ပင်။ သူလုပ်ချင်သည့်အရာကို ချက်ချင်းလုပ်သည်။ ပထမဆုံး သူက ထိုင်ကာ အစီအစဉ်တစ်ရပ်ဆွဲလိမ့်မည်။ ပြီးတာနှင့် တစ်ဆင့်ပြီးတစ်ဆင့် သူက လက်တွေ့ဆောင်ရွက်သည်။ အလုပ်မဖြစ်ရင် အစီအစဉ်ကို ဆုတ်ပိုင်းလိုက်သည်။ သူပြန်ကြည့်သည့်အခါ အလဟဿဖြစ်ခဲ့သည်များသေချာပေါက်ရှိသော်လည်း အဆုံးအစမဲ့ စိုးရိမ်ပူပန်နေတာထက်တော့ သေချာပေါက်သာသည်။
YOU ARE READING
Through The Strait Gates//过门 [Completed]
Romanceလမ်းနှင့် တံခါးက သူတို့အတွက် ကျဉ်းမြောင်းလှသည်။ သူတို့၏ အတိတ်နှင့်အနာဂတ်က ပင့်ကူမျှင်ပမာ ရစ်ပတ်ရှုပ်ထွေးနေလေရဲ့။ ဆယ့်သုံးနှစ်ကြာ ခါးသက်ချိုမြလှသည့် အမှတ်တရတွေ...။ ပြီးတော့ သူတို့ကြားရှိခဲ့သမျှ အရာအားလုံးကို ဆေးကြောသန့်စင်သွားခဲ့သော ခံစားချက်နတ္တိသာ...