1

703 41 0
                                    

Unicode:

မနက် 4 နာရီပဲရှိသေးတာ တံခါးကို တဒုန်းဒုန်းထုသံကြောင့်နိုးလာခဲ့တယ်။ အိမ်ငှားအဒေါ်ကြီးပေမယ့် အမေဆုံးပြီးကထဲက ခေါင်မိုးထပ်လေးကိုအလကားနေစေခဲ့တာ။ တက္ကသိုလ်တက် အလုပ်ဝင်မှ အိမ်ငှားခပေးပါတယ်လေ။ နေစရာအတွက်မပူရပေမယ့် ကျွေးထားမယ့်သူမရှိတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး စားစရိတ်နဲ့ကျောင်းစရိတ်ရှာရတာမလွယ်ကူပေ။ တံခါးဖွင့်ကြည့်လိုက်တော့ အဒေါ်ကြီးက

"မနက်နွားနို့မပို့ခင် ဒါလေးစားသွား" လက်ထဲကို ထမင်းလိပ်ပေးသွားပြီး အောက်ပြန်ဆင်းသွားတယ်

"ကျေးဇူးတင်ပါတယ်" ပြောပြီး မျက်နှာသစ်လိုက်ကာ စက်ဘီးယူပြီး နွားနို့ပို့ဖို့ထွက်လာလိုက်တယ်

တစ်အိမ်ဝင်တစ်အိမ်ထွက် နွားနို့ပို့ရင်း အိမ်တစ်အိမ်ရှေ့ရောက်တော့ နွားနို့ဘူးလေးကို မာဖလာ အနီလေးပတ်ကာထားခဲ့လိုက်တယ်။ ဒီနှစ်ဆောင်းမှာ အကိုနွေးနွေးလေးနေရအောင်လို့။

နောက်ဆုံးတစ်အိမ်ပို့ပြီးအပြန်မှာ လမ်းထောင့်က ကလေးလေးထွက်လာတာမို့  ရှောင်လိုက်ရင်း စက်ဘီးရောလူပါ မြောင်းထဲကို...
မြန်မြန်ထပြီးစက်ဘီးကိုကြည့်မိတယ်။ ဘာမှဖြစ်မသွားလို့တော်သေးတယ်။  ခုလောလောဆယ်မပြင်နိုင်သေးဘူး။ နာနေတဲ့ ပုခုံးတစ်ဖက်ကိုကိုင်ကာကျိန်စာမိလိုက်တာက

"စောင်ကလေး ငါ့ထမင်းလိပ်လေးပါ ကျသွားပြီ"

--------------------------------------------------------------

ကျောင်းမှာ နောက်လ ဘတ်စကတ်ဘောပြိုင်ပွဲရှိတယ်တဲ့ အတန်းထဲက ကောင်မလေးတွေပြောနေတာ မှောက်အိပ်နေရင်းနားစွင့်နေမိတယ်။ မုန့်စားဆင်းချိန်မို့ အတန်းထဲမှာလူသိပ်မရှိ။

"Yar.. ထစမ်း" ခုန်ကိုလာကန်နေတာမို့ မသိချင်ယောင်ဆောင်ပြီးဆက်အိပ်နေလိုက်တယ်။ ကျောင်းပြောင်းလာကထဲက တစ်ချိန်လုံးအနိုင်ကျင့်နေကြသူတွေမို့ ပြန်လည်းမလုပ်ချင်။ ထပြီးရန်ဖြစ်ရင်လည်းသူပဲကျောင်းထုတ်ခံရမှာ ကိုယ်ကမိဘမဲ့မို့လား။ ကိုယ်ဒီကျောင်းကထွက်သွားလို့ လုံးဝမဖြစ်ဘူး။

Crush Where stories live. Discover now