အံအားသင့်နေတဲ့ Haechanကိုကြည့်ကာ ဒေါသထွက်မိတယ်
"လိုက်ရှာနေတာ မေမေရော ဖေဖေရော"
"......"
"မင်းမိဘနှစ်ပါးလုံးဆုံးသွားပြီဆိုကထဲက မေမေဆိုအရူးတစ်ပိုင်းပဲ ဒီနှစ်တွေမှာ ဘယ်လိုတောင်တောင့်ခံခဲ့တာလဲ"
"ကျွန်တော် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အကုန်မီးထဲပါသွားတယ် မှတ်...မှတ်မိတာ ဘာမှမရှိဘူး"
"ဖေဖေကလက်လျော့လိုက်ဖိုပြောပေမယ့် မင်းကိုရှာဖို့ ကျောင်းတောင်ပြောင်းလာခဲ့တာ တောင်းပန်ပါတယ် အစကထဲက မှတ်မိရမှာ
ဒီမျက်လုံး... ဒီမျက်လုံးဝိုင်းလေးတွေကို"သူ့ကျားပေါက်လေးက ပြောလည်းပြော ငိုပါငိုချနေတာမို့ သူကြည့်ကာပြုံးစိစိနဲ့ ရီမိတယ်။ အမလေးမော့ကြည့်လိုက်ရင် အရိုက်ခံရမယ့်အငွေ့အသက်တွေ။ လမ်းသေချာမလျှောက်နိုင်လို့ ဝမ်းနည်းနေတဲ့ ဟေးချန်းလီကို ပြန်ရှာပေးကြပါဦး။
"ဆေးရုံကဆင်းရရင် အခုနေတဲ့အိမ်မှာမနေနဲ့တော့ hyg အိမ်မှာနေ အလယ်တန်းကထဲက တစ်ယောက်ထဲနေလာရတာ စားတာသောက်တာရော အဆင်မပြေဘူးမို့လား အထက်တန်း ဒုတိယနှစ်ရောက်နေပြီး စာကိုသေချာအာရုံစိုက်ဖို့ လိုတယ်"
တစ်ချက်လွှတ်အမိန့်တွေပေးနေတဲ့ ကျားပေါက်လေးကာ တကယ်ကိုပဲ။ ပြုံးကာခေါင်းရမ်းပြီး မျက်ရည်တွေကို သုတ်ပေးတော့ သူ့လက်ကိုကိုင်ကာ
"ရှေ့လျှောက် hgy က အကုန်တာဝန်ယူပေးမှာမို့"
"Hyg...မောနေပြီ ကျွန်တော်အဆင်ပြေတယ် အကုန်အဆင်ပြေနေတယ် hyg ကျွန်တော့်ကို မှတ်မိတာကိုက ကျွန်တော် ဒီအတောအတွင်း ပင်ပန်းခဲ့ရသမျှအဆင်ပြေနေပြီမို့ အစစ အရာရာ တာဝန်ယူပေးစရာမလိုပါဘူး"
"မင်းက ငါ့ညီလေးလေ"
အင်း.... င့ါကိုစကားတစ်ခွန်းထဲနဲ့သတ်ပြန်ပြီ။
-------------------------------------------------------
ဘက်စကတ်ဘောပြိုင်ပွဲလည်း haechan ရော mark ပါ ဝင်မပြိုင်လိုက်ရချေ။ haechan တစ်လလုံးဆေးရုံးတက်နေတဲ့အတော့အတွင်း mark နေ့တိုင်းဆေးရုံးစောင့်ပေးသည်။ တလအတွင်း တအားရင်းနှီးသွားကာသူ့အကြိုက်
ကိုယ့်အကြိုက် တွေသိပြီး ဖရဲသီးနဲ့ သူ့ကို
ရွေးခိုင်းတိုင်း သူ့ကိုမရွေးလို့ haechan စိတ်ကောက်ရစမြဲ။ Juyoon ပါလာတိုင်း စိတ်ကောက်တာ သတိထားမိတာမို့ mark လည်း ထပ်ပြီးခေါ်မလာခဲ့။ mark သတိထားမိတာ haechan က တကယ်ကို ပြောမကောင်းဆိုမကောင်းတဲ့အချွဲလေးဆိုတာပဲ။ အိမ်လိုက်နေဖို့ ချော့ပြောလည်းမရဘူး၊ သူကလည်းသူဖြစ်ချင်တာဆို ရအောလုပ်တတ်သူမို့ အိမ်က တစ်ကိုယ်ရေသုံးပစ္စည်းတွေသူ့အိမ်ကို Na Jaemin အကူအညီနဲ့ ခိုးရွှေ့ထားပြီး ခေါင်းမိုးထပ်ကို လူငှားခေါ်တင်ထားလိုက်သည်။
YOU ARE READING
Crush
General Fictionအဝေးကနေကြည့်နေရရင်တောင်အကိုက ကျွန်တော့်အတွက်လက်ဆောင်လေးပဲ ပိုင်ဆိုင်ရရင်တော့ဘုရားသခင်ဆီကကောင်းချီးပေါ့