2

357 40 0
                                    

Unicode

"Haechan လာပြီလား"

"Nae Noona ကျွန်တော်နည်းနည်းနောက်ကျသွားလို့"

"ရတယ်ရတယ် သွားတော့မယ်နော် တာဝန်ကျေလိုက်ပါဦး‌နော်"

ဆိုင်က အမနဲ့လူလဲပြီး လူရှင်းနေတဲ့အချိန်ကျောင်းကပေးတဲ့အိမ်စာတွေလုပ်နေလိုက်တယ်။ လူကတစ်ကောင်ကြွက်ပေမယ့် အဖေ့ဆီကရလာတဲ့အမွေကြောင့် သူများတွေထက်သင်ယူမှုလွယ်တဲ့သူဖြစ်လာခဲ့တယ်။ မျက်စိရှေ့မှာတင်အမေကဆုံးပါးသွားတာမို့ ဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်ကြောင့် အားတဲ့အချိန်တိုင်းစာလုပ်မိတယ်။ ခြူတံခါးသံကြားတာကြောင့် မောကြည့်လိုက်တော့ ဟိုကောင် ဟာဂျွန်း...

"မနက်က..." စိတ်ကုန်နေတဲ့မျက်နှာဘေးနဲ့မော့ကြည့်လိုက်ကာ

"မင်းတို့လိုချင်တဲ့ဟာတွေ ငါဝယ်ပေးပြီးပီဘဲ ခုဘာလိုလို့လဲ"

သူ့ကောင်တွေပါလာတဲ့အချိန်ဆို လူကိုအနိုင်ကျင့်တတ်ပေမယ့် တစ်ယောက်ထဲရှိတဲ့အချိန်မို့ ပြန်ပြောရဲချင်းသာ မဟုတ်ရင် အီဟယ်ချန်းတို့ နောက်နေ့ ထမင်းမစားနိုင်ဘဲနေမှာ။ အဲ့ကောင်က အုပ်စုရှိမှ အနိုင်ကျင့်တတ်ပုံပေါ်တယ်။

"ခေါက်ဆွဲပြုတ်ပေး...."

"ဟုတ်ကဲ့ဧည့်သည် ကိုယ်တိုင်ယူစနစ်ဖြစ်လို့ သွားယူပြီး ပြုတ်လိုက်ပါ"

ဆက်ပြီး စကားများမနေတော့ဘဲ ထိုင်ပြီးတော့သာစာလုပ်နေလိုက်တော့တယ်။

ခဏကြာတော့ ခေါက်ဆွဲဘူး ထမင်းလိပ်နဲ့ အအေးဘူးတွေနဲ့အတူပြန်ရောက်လာပြီးငွေရှင်းကာ သူဘာသာသူသွားပြုတ်နေတော့တယ်.

"Haechan na... တစ်ခုလောက်.."

"ထပ်ပြီးတော့...ဘာလဲ"

"ဒါဘယ်လိုသုံးရတာလဲ??.."

သည်းခံနိုင်တဲ့အတိုင်းအတာလွန်သွားပြီး ထကာ ကိုယ်တိုင်ပြုတ်ပေးလိုက်ပြီး နေရာမှာပြန်ထိုင်ကာ စာလုပ်နေလိုက်တော့တယ်။

ခြူသံကြားလို့ထပ်မော့ကြည့်လိုက်တာ ဟင် အကို နားကြပ်တပ်ထားပြီး ခေါင်းစွပ် Hoddie အမဲနဲ့တောင် အကိုကပြည့်စုံနေတာ မျက်မှန်အောက်ကမျက်လုံးဝိုင်းတွေရော။ အဲ့ လာနေပြီ လာနေပြီ ငါ့စီလာနေပြီ... ရှေ့ကိုလာချပေးတဲ့တစ်မျိုးစီကို scan ဖတ်ပေးပြီး

Crush Where stories live. Discover now