ဖွဖွရီပြီး ခေါင်းကို ဖွလိုက်တော့ မျက်လုံး အပြူးသားလေးပြန်ကြည့်လာတဲ့ ကလေးငယ်သူကိုချစ်မချစ် မသေချာသေးပေမယ့် လက်မခံပါဘူးလို့တော့ ငြင်းမပစ်နိုင်
သူများလည်းမပေးနိုင် ဒါဆိုကိုယ့်အပိုင်ဖြစ်စေဖို့ရော?
ကလေးငယ်မျက်ဝန်းဆီက ကျလာတဲ့ မျက်ရည်တွေသုတ်ပေးလိုက်ပြီး
"ကိုယ့်နဲ့ juyoonက အတွဲတွေ မဟုတ်ပါဘူးကွ ပြီးတော့ ကိုယ်..... "
မျက်လုံးဝိုင်းလေးနဲ့ မျှော်လင့်နေတဲ့ကလေးငယ်အား သူမငြင်းရက်နိုင် နောက်တော့ချစ်လာမှာပေါ မသိတော့ဘူး
"ကိုယ်လည်း မင်းကိုသဘောကျတယ် ကလေးငယ်"
ပါးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ အုပ်မိုးကိုင်လိုက်ကာ ကလေးငယ်မျက်နှာကိုမော့စေလိုက်တယ်
မျက်ရည်တွေကို ပါးနဲ့ ကပ်ကာ သုတ်ပေးလိုက်ပြီး နှုတ်ခမ်းလေးကို ဖိကပ်နမ်းလိုက်ကာ အသာခွာလိုက်တယ်
"မငိုနဲ့တော့ ဘယ်တော့မှ.... ငယ်မျက်ရည်ကျနေတာမြင်ရရင် ကိုယ်ရင်နာတယ်"
ခုချိန်ထိ အသက်နဲ့ခန္ဓာပြန်ပြီး မပေါင်းစီးသေးတဲ့ကလေးငယ်ကိုကြည့်ကာ ပိုအူယားလာတာမို့ ထပ်နမ်းလိုက်မှ အသိစိတ်ဝငိလာသည့်နယ်
ကျွန်တော့်လက်ကိုကိုင်လိုက်တာမို့ လိုက်ကြည့်မေတုန်းကိုက်ထဲ့လိုက်တဲ့ ချောကလက်လုံးရယ်
"အား!!!!!.... ဘာ...ဘာလို့ကိုက်တာ"
"အိမ်မက်မဟုတ်ဘူးပဲ..."
"........"
"အိမ်မက်ထင်လိုက်ကိုက်ကြည့်တာ အသံထွက်လာတယ်ဆိုတော့ အိမ်မက်မဟုတ်ဘူးပဲ"
ဟမ်! ဘာ! အမလေး ခေါင်းချည်းခေါက်ချင်သွားတယ် နာနေတာကို လစ်လျူရှုကာ ပြုံးလိုက်ပြီး
"အွန်းး အိမ်မက်မဟုတ်ဘူး Haechanieeက ဒီမှာ ကိုယ်နဲ့အတူနေရမှာ ပြီးတော့ ကိုယ်သဘောကျတဲ့ Haechanieeကို ကိုယ်က ကာကွယ်ပေးမှာ....အင့်!"
စကားမဆုံးသေးပဲ တင်းကြပ်နေအောင်ဖက်လာတဲ့ ကလေးကိုငုံကြည့်ပြီး ခေါင်းလေးကိုသာပွတ်ပေးနေမိတယ်
YOU ARE READING
Crush
General Fictionအဝေးကနေကြည့်နေရရင်တောင်အကိုက ကျွန်တော့်အတွက်လက်ဆောင်လေးပဲ ပိုင်ဆိုင်ရရင်တော့ဘုရားသခင်ဆီကကောင်းချီးပေါ့