5

284 38 0
                                    

"အကို..."

ရှေ့ကပြုံးကြည့်နေတဲ့မျက်နှာလေးရယ် ကြည်လင်လိုက်တာ။ နှာခေါင်းလေးကို လက်နဲ့တို့ကြည့်လိုက်တော့

"ဘယ်ချိန်ထိ ဒီမှာ အိပ်နေမှာလဲ"

လန့်ပြီးလက်ကိုရုတ်လိုက်တော့ အကိုက ဖွဖွလေးပြုံးတယ်။ လှလိုက်တာ...အကိုက။ အရင်ထသွားပြီး လက်ကမ်းလာကာ

"ထ အိမ်ပြန်ရအောင် အရမ်းပင်ပန်းနေရင် ရေနွေးနွေးလေးနဲ့ ရေချိုးပြီးနားရမှာပေ့ါ"

အကို့လက်ကိုကိုင်ကာထလိုက်ပြီး အကိုမျက်နှာကိုသာငေးကြည့်နေတုန်း..။

"ဘာလဲ ကိုယ့်မျက်နှာမှာ တစ်ခုခုရှိနေလို့လား??"

ခေါင်းရမ်းပြလိုက်တော့ အကိုကလက်ကိုဆွဲပြီး ရှေ့ကနေ့ထွက်သွားလေးရဲ့ အဲ့ဒီညနေက အကိုကသူ့လက်ကိုမလွှတ်ခဲ့သလို သူလည်း အကို့ဆီကနေပြေးမထွက်ခဲ့ပါ။

အိမ်ရှေ့ထိရောက်လာတဲ့အကို့ကိုကြည့်ကာ Haechan အံ့ဩနေတာမို့ နှာခေါင်းကို လက်ညိုးကွေးလေးနဲ့ ပွတ်လိုက်တယ်။

"ကိုယ့်ကို အိမ်ထဲမခေါ်တော့ဘူးလား??"

"ဟင်...ခေါ်ရမှာ..."

ခေါင်းထဲမှာ သူတစ်နေကုန်ဖွထားပြီး ငိုထားတုန်းက သုတ်ထားတဲ့ တစ်ရှူးတွေပါ ပြေးမြင်မိတာမို့

"ခဏ.. ခဏ 10မိနစ် မဟုတ်ဘူး တစ်မိနစ်."

အိမ်ထဲ ပြေးဝင်ဖို့လုပ်လိုက်ပေမယ့် မဖြုတ်မိတဲ့ လက်တစ်စုံကပြန်ဆွဲလိုက်တာမို့ အကို့ဘေးပြန်ရောက်သွားတယ်။ သန်လိုက်တာ ယောင်္ကျားလေး အချင်းချင်းကို။ ရှက်လွန်းလို့နားရွက်လေးတွေရဲနေတဲ့ Haechaniee ကို အူယားကာ မနေနိုင်လို့ နှဖူးလေးကိုဖွဖွနမ်းလိုက်မိတယ်။ နားရွက်တွေတင်မက မျက်နှာတွေပါရဲလာလို့။

"သွားတော့ အိမ်အပြင်ဘက်မှာအကြာကြီးမစောင့်ချင်ဘူး"

"ဟင်.. ဟုတ်ဟုတ်"

ဝရုန်းသုန်းကားနဲ့ပြေးဝင်သွားတာဟိုတိုက်ဒီတိုက်။ အပြင်မှာ ကျန်နေခဲ့တဲ့ Mark ကလည်း ဘာလိုနမ်းမိတာလဲ တွေးတွေးပြီး ခေါင်းကိုထုမိနေလေရဲ့။

Crush Where stories live. Discover now