6

288 40 3
                                    

တစ်ညလုံးအိပ်ပျော်နေတဲ့ Haechan ကိုတစ်လှည့် စိတ်ပူနေတဲ့ Hajun ကိုတစ်လှည့်ကြည့်ကာ မေးသင့်မမေးသင့် စဥ်းစားနေလိုက်တယ်။ ခဏကြာတော့ Renjun ရောက်လာတာကာ

"ငါ စွပ်ပြုတ်လုပ်နေလို့ ကြာနေတာ ဒါနဲ့ သူကဘာလို့""

"အင်း ရတယ် ခဏစောင့်ပေးပါလား ငါ hajun နဲ့ စကားပြောချင်လို့"

Rejun လက်ထဲက စွပ်ပြုတ်ဘူးကို စားပွဲပေါ်တင်လိုက်ကာ မော့ကြည့်လာတဲ့ Hajun ကို အပြင်သွားဖို့ အချက်ပြလိုက်တယ်။

အပြင်ခုံတန်းလေးပေါ်မှထိုင်လိုက်တော့ Hajun က တစ်ခုံကျော်မှာ ဝင်ထိုင်တယ်။

"ဘာလို့ အနိုင်ကျင့်နေခဲ့တာလဲ တစ်ချိန်လုံး"

".........."

"မင်းကြောင့် သူအများကြီးပင်ပန်းခဲ့ရတာ တစ်ယောက်ထဲ ရုန်းကန်နေတဲ့သူကိုလေ"

"ငါ...."

"သူ့အနားမနေ့နဲ့ ထွက်သွား နောက်ခါ အနားမှာမြင်ရင် ငါမင်းကိုသတ်ပစ်မှာ"

"မင်းလည်းသူ့ကိုကြိုက်နေတာလား??"

"သူငယ်ချင်းကွ သူငယ်ချင်း မင်းလို အတုအယောင်သူငယ်ချင်းတွေပဲရှိတဲ့သူက ဒီသံယောဇဥ်ကိုနားလည်နိုင်ပါ့မလား??"

သက်ပြင်းအရှည်ကြီးကို ချပြီး လေးပင်စွာ ထထွက်သွားတဲ့နောက်ကျောကိုကြည့်ကာ တောက်တစ်ချက်သာ ခေါက်လိုက်မိတယ်။

Hajun နဲ့ စကားပြောပြီး ပြန်ဝင်သွားပြီး စာအုပ်ဖတ်နေတဲ့  injoon နားသွားကာ

"လုံဂျွန်းနီ ~~~" ဒေါက်!!

နှဖူးကိုပွတ်ကာ ရှုံ့မဲ့နေတာတောင် လှည့်မကြည့်

"မင်းကလည်း haechan နေမကောင်းဘူးဆိုမှ ပြေးလာတယ် င့ါကို ပစ်ထားတယ်"

"မင်းငါ့ကို တောက်တဲ့လို ကပ်မနေရင် ငါလည်းရှောင်မနေဘူး"

"ငါတစ်ကယ်မင်းကိုသဘောကျတာပါဆို မင်းက မယုံတာ"

"ငါကလည်း မင်းမို့လို့ကိုပြန်မကြိုက်တာ" ‌

ပြောလိုက်မှ မျက်လုံးထဲက မျက်ရည်ဝဲတက်သွားတာမြင်လိုက်ရတော့ စိတ်မကောင်း။ မကြိုက်ဘူးဆိုတာထက် ကိုယ့်ကိုကိုယ်သေချာမသိသေးတာကြောင့်။ အနားရှိလို့ မကြိုက်ဘူးဆိုတာထက် နားညီးတာမခံနိုင်လို့။ ယောတောဘွန်းတို့ရော ရုပ်လေးချောပြီး ပေါက်ကရတွေလျောက်အော်နေတဲ့ သူကို သည်းခံနိုင်လား

Crush Where stories live. Discover now