4

278 41 2
                                    

အီဟယ်ချန်းအသဲကွဲနေသည်။ မနက်ခင်းအချိန်ပိုင်းအလုပ်ကပြန်လာကထဲက ကျောင်းမသွားဘဲအိပ်ရာထဲမှာနေနေတာ ညနေစောင်းတဲ့အထိ၊ ဖုန်း‌ကိုစစ်ကြည့်လိုက်တော့ Na မျိုးနွယ်ခေါ်ထားတာ Miss Call ပေါင်းများစွာနဲ့ တစ်ခြား sms တစ်စောင်။ ဖုန်းကိုဘေးချပြီး လူကိုကွေးနိုင်သမျှကွေးလိုက်ကာ ရင်ဘတ်ကိုဖိပြီးတော့သာ အိပ်ဖို့ကြိုးစာလိုက်တယ်။ ခဏကြာတော့

“Yarr!! Lee Haechan တံခါးလာဖွင့်စမ်း”

တခါးကိုတဖုန်းဖုန်းထုနေတာ Feel ပျက်လိုက်တာ။တံခါးကိုထဖွင့်ပေးတော့ တန်းဝင်လာတာမို့ ဂုတ်ကနေဆွဲလိုက်ကာ 

“ဖိနပ်ချွတ်ဦး...”

ပြောလိုက်တော့ ပေစောင်းစောင်းနဲ့ ကြည့်ကာ ဖိနပ်လဲပြီး sofa မှာဝင်ထိုင်နေသေး။ ခေါင်းကိုဖွာလန်ကြဲအောင် ကုတ်လိုက်ကာ ဘေးနာဝင်ထိုင်လိုက်ပြီး

“ဘာလာလုပ်တာတုန်း”

“မင်းက တစ်နေကုန်ကျောင်းမလာဘူး ဖုန်းလည်းမကိုင်ဘူး အခု ငါအတန်းချိန်အပျက်ခံပြီး မင်းကိုလာကြည့်ရသေးတာ အသက်တော့ရှိသေးသားပဲ...”

“မဟုတ်လည်း အိပ်နေတာကို...အပိုတွေသိပ်ပြော”

တိုးတိုးလေး ပြောလိုက်ပေမယ့် ကြားသွားတဲ့ပုံပဲ
ထကာ လူပေါ်တက်ဖိထားပြီး

“အနည်းဆုံးဖုန်းလေးတော့ကိုင်ဟဲ့ အကောင်ရဲ့”

ပြောလည်းပြော ရိုက်လည်းရိုက်နေတာမို့

“သိပါပြီ သိပါပြီ နောက်ဆိုကိုင်ပါ့မယ်”

ပြောလိုက်တော့မှ ရပ်သွားကာခြေထောက်နှစ်ဖက်ကို ခုံပေါ်တင်ထိုင်နေတဲ့ သတ္တဝါရယ်ပါ

“ဘာဖြစ်သွားတာလဲ မနေ့ကမှ အကောင်းကြီးကို ဆရာမကလည်းမေးနေတယ်ကျောင်းပျက်တာထူးဆန်းနေ့လို့”

“......"

သက်ပြင်းသာချနေပြီးဘာမှမပြောလာတာမို့ ကြည့်ကာ အားမရချင်။ ငယ်ငယ်ကထဲပေါင်းလာတာမို့ စိတ်ညစ်နေတာမျိုးဆိုရင် ဖွင့်ပြောတတ်တဲ့သူမဟုတ်။

“မင်း အသည်းကွဲနေတာလား.?...”

မျက်လုံးဝိုင်းကြီးနဲ့မော့ကြည့်ပြီးမျက်ရည်ဝဲလာတောကြောင့် ငါသေပြီ... လက်မောင်းတစ်ဖက်ကို ယူပြီး ငိုနေတာကြောင့် လက်တစ်ဖက်လုံးလည်း စိုရွဲနေပြီ

Crush Where stories live. Discover now