9

355 36 4
                                    

Unicode

သူလုပ်နေတာတွေ မှားလားမှန်လားမသိတော့ ဒီက‌လေးကို ‌‌‌တွေ့ချင်လွန်းလို့ အသည်းအသန်ရှာထားတာ လက်စား‌ချေဖို့ တစ်ခုထဲ သပ်သပ်သာ။ သူတို့မှာ အမွှာညီအကိုနှစ်‌ယောက်ရှိတယ်ဆိုတာ
ကနေဒါက လူ‌တွေလောက်သာသိသည်။

MinHyung နဲ့ Mark ပါးမှာပါတဲ့ မှည့်လေး တစ်ခုကလွဲ ကျန်တာအကုန်တူသည်။ မတူတာက ဒီကလေး ကိုကိုက ဒီက‌‌လေးနဲ့ ပတ်သတ်ခဲ့ဖူးသည်။ အဲ့တုန်းက သူက ဖွားဖွားနဲ့ နေခဲ့တာမို့သာ။ ကိုကိုက သူမှသူ ဖြစ်ခဲ့ပေမယ့် ပြန်လာပြီး ပြောင်းလဲသွားသည်။ သူကို့ အရိပ်တကြည့်ကြည့်နဲ့ ကိုကိုက ဒီကလေးအကြောင်းသာ တဖွဖွပြောနေသဖြင့် နားကြားပြင်းကပ်လွန်းလို့ တူတူမဆော့ဖြစ်တော့တဲ့အထိ။

Donghyuck ဆိုတဲ့နာမည်ကို ‌နေ့တိုင်းပြောသည်။ အဲ့နေ့က အဲ့နေ့ကသာ Donghyuck မိဘတွေဆုံးတဲ့‌နေ့။ အဲ့နေ့ကသာ ကိုကို ဖေဖေနဲ့ မေမေနဲ့တူတူ ကိုရီးယားကို ချက်ချင်းသွားဖို့ မပူဆာခဲ့ရင်။ မိသားစုကို ထပ်ဆုံးရှုံးစရာမလို။ မဟုတ်ဘူး ကိုကို ဘဝထဲကို မင်းဝင်လာတာကိုက မှားတာ။ မင်းက မွေးဖွားမလာခဲ့ရမှာ ‌‌‌‌

လေယာဥ်ပျက်ကျတဲ့အချိန် ကိုကို့ကို မေမေက ရင်ခွင်ထဲမှာထည့်ကာ ကာကွယ်သွားတာမို့ ကိုမာဝင်နေတဲ့အနေအထားနဲ့ ဆေးရုံမှာ လဲလျှောင်းနေသည်။

လက်စားချေဖို့ စိတ်တစ်ခုနဲ့သာလာခဲ့ပေမယ့် ဒီကလေးကို တွေ့တော့ သူ့ကိုကြည့်နေတဲ့ မျက်ဝန်းငယ်တွေ‌‌‌‌ ထူးဆန်းနေသယောင်။

အနိုင်ကျင့်ခံနေရတာတွေမြင်နေပေယ့် ဥပေက္ခာပြုခဲ့သည်။ သူကိုယ်တိုင်ကပါ ဒုက္ခတွေပေးခဲ့သည်။ ဒါပေမယ့် တစ်ကိုယ်လုံး ဒဏ်ရာ ရနေရင်တောင် နောက်တစ်နေ့ရောက်ရင် အပြုံးမပျက်ကျောင်းလာတက်သည်။ ပင်ပန်းနေပေမယ့်အမြဲကြိုးစားနေခဲ့တဲ့ ကလေးငယ်။ ဝက်ဝံမျက်လုံးတွေနဲ့ သူကို ကြည့်လိုက်တိုင်း သူ ရင်တွေခုန်သည်။ မုန်းပစ်ဖို့ ကိုယ့်ကိုကိုယ် သတိထား‌နေ‌‌‌နေ‌ပေမယ့် သူကျရှုံးပြီထင်တယ်။‌ တောင်းပန်ပါတယ်ကိုကို ကျွန်တော် ကိုကို့ အပိုင်လေးကို လုယူရတော့မယ်ထင်တယ်။

Crush Where stories live. Discover now