စတိုးဆိုင်မှာညနေပိုင်းလူတအားများနေလည်း အရင်ရက်ကလို မှိုင်တိုင်မနေဘဲပြုံးပျော်နေတဲ့ Haechan ကိုကြည့်ကာ Jaemin တစ်ယောက် ခေါင်းတစ်ခါခါနဲ့။ အမလေး ခေါင်းမိုးထပ်မှာ အရိုက်ခံရပြီး ခေါင်းများထိသွားတာလား?
"Haechan yarrr မနက်ကဘာဖြစ်လာတာလဲလို့?"
"......"မေးလိုက်ပေမယ့် ပြုံးသာပြပြီး အဖြေပြန်မလာ။
"မင်းမပြောပြဘူးဆို ငါ Hajun ကို ကိုယ်တိုင်သွားမေးမယ်"
"မင်းမေးလည်း သူသိမှာလား? ပြီးတော့ မင်းသိချင်တာသိရဖို့ ငါ့ကိုအနိုင်ကျင့်မယ့်သူကိုသွားမေးမယ်ပေါ့"
ပြောနေရင်း Mark ဝင်လာတာမို့ မျက်နှာတည်လိုက်ကာ လှုပ်ရှားမှုတိုင်းကို မျက်လုံးဝိုင်းလေးနဲ့လိုက်ကြည့်နေလိုက်တယ် ပုံမှန်တိုင် hoddie နဲ့ ဘောင်းဘီတိုနဲ့တောင် အကိုက ချစ်ဖို့ကောင်းနေတုန်း။ မျက်လုံးဝိုင်းလေးတွေရော။
"Haechaniee~~" ခေါ်သံကြားမှ အကို့နောက်လိုက်နေတဲ့ စိတ်က လူနဲ့ပြန်ကပ်တော့တယ်။
"အာ ပိုက်ဆံရှင်းတော့မှာလား?? " ရှေ့ကပစ္စည်းတွေကို အယောင်ယောင်အမှားမှားနဲ့ scan ကောက်ဖတ်နေတယ်။ ကျသင့်ငွေကိုပြောပြီး အသံမကြားရတာမို့မော့ကြည့်လိုက်တော့ သူကို့ ကြည့်နေပြန်ပြီ ဒီမျက်လုံးဝိုင်းတွေနဲ့
"Hyg...wae?"
"arni Haechaniee က ကိုယ်သိတဲ့ တစ်ယောက်နဲ့တူလို့" ပိုက်ဆံရှင်းပေးပြီး သူ့အိပ်ထဲက Banana Milk တစ်ဘူးထုပ်ကာ
"ကောင်းကောင်းသောက်ပါနော်" ပေးသွားတဲ့ဘူးလေးကိုကြည့်ကာ ထွက်သွားတဲ့ hygကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေမိတယ်
ဟင် အပြင်မှာ Juyoon Noona! Noona က အကို့လက်ကိုတောင်ချိတ်ပြီးထွက်သွားတာပဲ။ ကျွန်တော့်အပေါ်သိပ်ကောင်းမပြပါနဲ့လား ခဏခဏအထင်မှားလွန်းလို့။
"ဘယ်ချိန်ထိလိုက်ကြည့်နေဉီးမှာလဲ?"
"...." သက်ပြင်းချပြီး ခုံပေါ်သာထိုင်ချလိုက်တယ်။
"မင်းဆရာမလာဘူးလား? Na Jaemin Shi!" နားညီးလာတာမို့မောင်းထုတ်မိတယ်

YOU ARE READING
Crush
Fiksi Umumအဝေးကနေကြည့်နေရရင်တောင်အကိုက ကျွန်တော့်အတွက်လက်ဆောင်လေးပဲ ပိုင်ဆိုင်ရရင်တော့ဘုရားသခင်ဆီကကောင်းချီးပေါ့