မင်း ဆီ ပြန်လာခဲ့မယ်လို့.......
ငါ ဆုတောင်းနေလဲ..💫
ဗေဒင် ဆရာကို မေးကြည်တော့လဲ...
ပူပေါင်းလေး ဝယ်...
မျှော်လင့်ခဲ့ ဖူးတဲ့ မိုးကောင်းကင်ပေါ် ..
လွတ်ပေးခဲ့....
ဒါပေမဲ့... မင်းရှိတဲ့ အရပ်ကို ရောက်နိုင်ပါမလား
ပြည်ကို သွားတဲ့ရထား ပေါ်ရောက်နေမှန်းကိုး...
အလွန်နောက်ကျမှ သိလိုက်ရတာမို့...
ထွက်ပြေးမို့ မမှီတော့ပါဘူးးးး
တကယ်ဆို ငါ ... နင်လက်ကိုဆွဲပီး ဘယ်သူမှ မသိတဲ့နေရာမှာ တိတ်တိတ်လေး... သွားနေလိုက်ရမှာ...
ငါတို့လို ဆယ်ကျော်သက်အရွယ် ကလေး ၂ယောက်အနေနဲ့ ကောင်းကင် ကို ခြေစုံကန် ဖို့လဲ. ..
အဆင့်သင့်ဘဲလေ....
ဒါပေမဲ့..အတွေးသက်သက်ပါဘဲ
စီးကျလာတဲ့. မျက်ရည်စကို သုပ်ရင်း...
နင်ဆီငါ ပြန်လာခဲ့မယ်နော်.........
"မိုး "ဘက်ကတော့.....
".."မိုး ". ဟဲ့ ...မိုး "
" ဟင် ဘာလဲ ပြော" ပါးစပ်က ပြောလိုက်ပေးမဲ့
သူ အဆင်မှ ပြေရဲ့လား ဆိုတဲ့အတွေးတွေနဲ့..."သူကို အိမ်ပြန်ခေါ်သွားတာလား"
"ငါလဲမသိပါဘူးဟာ မနက်ဖြန်တော့ ကျောင်းမှာ တွေ့ရမယ် ထင်တယ် အဲကြမှ သေချာ မေးရမှာ"
"အေးနော် သူသနားပါတယ်... ငါတို့လဲစိတ်မကောင်းပါဘူး"
ဘာမှဆက်မပြောချင်တော့ပါဘူး ငါတို့နစ်ယောက်ကို ခွဲချင်တာလဲသူတို့ဘဲ အခုကြတော့မှ စိတ်မကောင်းသလို လုပ်နေတာမို့ မျက်နာလွဲ ပီး သာနေလိုက်ပါတယ်.....
နင်အဆင်ပြေရဲ့လား... မနက်ဖြန် ငါတို့ ကျောင်းမှာ တွေ့ရမှာပါနော်.. လွမ်းတယ်
တညလုံး သူအကြောင်းတွေးရင်း အိပ်မရပါဘူး မနက်ရောက်ဖို့ဘဲ စိတ်မှာလောနေမိတယ်
တကယ်လဲ မဖစ်ပါစေနဲ့ဆိုတဲ့ အရာက ဖစ်လာခဲ့ပီး
သူကျောင်းမလာပါဘူး... အစကတော့ နောက်နေ့ လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးရှိခဲ့ပေးမဲ့
တပတ်အကြာမှာ သိလိုက်ရပါတယ်...
သူကျောင်းထွက်သွားပီးတဲ့လေ....ဒီမြို့မှာမရှိတော့ဘူးတဲ့လေ လုပ်ရက်လိုက်တာ..
နှုတ်ဆက်စကား တခွန်းတောင် မပြောလိုက်ရဘဲ...
သူထွက်သွားခဲ့ပါတယ်...
နင်ထားခဲ့တဲ့စာအုပ်လေးကို ငါတို့ဖတ်ပီး အဆောင်ကသူငယ်ချင်းတွေအကုန်လုံး ငိုကြတယ်...
နင်ကို သနားလို့တဲ့... အခုမှ ....ဟာ
အခုဆို အရင်ကလို ငါကို မျက်စိဒေါက်ထောက်
ကြည့်မဲ့ သူလဲမရှိတော့ဘူးငါတယောက်ထဲ အထီးကျန်နေတယ် ငါပေးလိုက်တဲ့
ဆွဲကြိုးလေးကို ကိုယ်နဲ့မကွာ ထားနေမလားငါတွေးမိတယ်... နင်ငါကို ဘယ်လောက်ချစ်လဲဆိုတာငါသိပါတယ်
ဒါပေမဲ့ဟာ ဒီမြို့မှ နင်မရှိတော့ဘူးတဲ့လားးး နင်ဘယ်မှာလဲ.. ဘာလို တခေါက်တောင် မဆက်သွယ်ရတာလဲ?????
နင်ငါကိုရောမေ့လိုက်ပီးလား...?
ပူပေါင်းလေး ဝယ်...🪐
မျှော်လင့်ခဲ့ ဖူးတဲ့ မိုးကောင်းကင်ပေါ် 🌂💫..
လွတ်ပေးခဲ့....🎈🎈
ဒါပေမဲ့... မင်းရှိတဲ့ အရပ်ကို ရောက်နိုင်ပါမလား🌪🌧
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔