မျှော်လင့်မထားတဲ့ နေ့ တရက်မှာ... "မိုး "ကျန်တော်ဆီ ဖုန်းဆက်လာခဲ့ပါတယ်..
အဲချိန်မှာ ကျန်တော်ရဲ့စိတ်တွေက လောကဒဏ်
ကြောင့် အရေထူးသွားတဲ့ ....အပိုင်းအခြားတခု ကို တောင်ရောက်နေပီလေ
မနက်ဖက် ဆို တယောက် ထဲ လမ်းလျှောက်ရင်း ပြည် ဘုရားကြီး အနားက မြှီးရှည် သွားထိုင်စားရရင်
ဒါ အဲနေ့အတွက် ပျော်ရွှင်မှု လို ခေါင်းစဥ်တပ်ရတဲ့နေ့ ....😇အဒေါ်နဲ့ စကားများပီး မကျေနပ်တာတွေ နံရံ အပေါ်အပြစ် ပုံချရုံ က မတက်သာ... လက်တွေလဲစုတ်ပြတ်နေပါပီ....
တခါတခါ စက္ကန့်တိုင်း ငရဲကျနေသလို့...
အဲချိန်.... ငါဘာဖစ်လို့ ဒီလိုတွေ ဖစ်လဲ ဆိုမို့ အစကပြန်တွေး ကြည်ရင်း.. ယွန်း ..??
ငါတို့ပတ်သက်မှုကနေ စပီး အလွဲလွဲ အချော်ချော်တွေ ဖစ်ကုန်တာလား ငါဘဝက.....
အများဆုံးက ဘုရားကြီး စေတီနဲ့ နီးတော့ အဲမှာဘဲ သွားသွား ထိုင်ရင်း ဆုတောင်းခဲ့တယ်
ပထမတော့ သူနဲ့နီးဖို့ နောက်တော့... စိတ်ချမ်းသာပါရစေလို့သာ ဆုတောင်းတက်ခဲ့ပီ
သူဖုန်းခေါ်လာတဲ့နေ့ကပေါ့
ကလင် လင် 💫💫
ကျန်တော် ဖုန်းကို ကောက်ကိုင်လိုက်တော့
" HELLO !! hello.." နဲ့ အသံချိူချိူလေး..တခု
ကျန်တော်က " ဟုတ်ကဲ့ ပြောပါ " ဆိုတော့
"ဟဲ့.. နင်ကို ဖုန်းခေါ်လိုက်ရတယ်ဟယ် နင်အဒေါ်တွေနဲ့ဘဲ တိုးတယ် အဆင်ပြေလား"
" အော် ...မိုးလား.. ငါ ...ငါ ကလား အဆင်ပြေပါတယ်"
သူက "နင်ဘာတွေလုပ်နေလဲ" သူဘက်က ရယ်သံအချိူ့လဲကြားရတယ် သူဘယ်က ဆက်နေတာပါလိမ့်....???
နောက်တခု သွားတွေးမိတယ် မိုးဖုန်းဆက်တဲ့အကြောင်းကို အဒေါ်က တခါမှ မပြောပြခဲ့ဘူး
အဲချိန် အဒေါ်က လှမ်းကြည့်မိခိုက် အဒေါ်နဲ့ မျက်လုံးချင်းဆုံသွားတယ်
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔