"ကဲ ဇီးကွက်ကလေး အိပ်တော့ ရန်ကုန်မှာဆို Night out တေ့လုပ်ပီး ဒီမှာတော့ စောစောအိပ်"ကျနော်က ချွဲနွဲ့ရင်းနဲ့ ."မောင် လေ ချစ်နဲ့တူတူရှိနေတဲ့ညတွေက မောင်ဘဝမှာအပျော်ဆုံးဘဲ"
သူမက " ကဲ မောင်ရယ် ဒီ လောကကြီးက ခက်ဖူးလားနော် ..တို့နစ်ယောက်ကိုဘဲ လိုက်ခွဲနေတယ်"
ကျနော် သက်ပြင်းချတော့
သူမက " အရမ်းချစ်တယ်...ချစ်လည်းမောင့်အပေါ်သစ္စာရှိမယ်.... "
"ချစ်ကိုလည်းသစ္စာရှိပေးနော်"
"ချစ်အတွက်က ယောက်ျား တွေ မိန်းမ တွေ လို ခွဲခြားဖို့ မလိုဘူးချစ်အတွက်ကမောင်ပဲလိုတယ်"
"မောင်ရှိရင်ရပီအားလုံးပြည့်စုံတယ်ချစ်လိုအပ်နေတာမောင်ပဲ....မောင်ချစ်ကိုကတိတည်ပေးပါနော်"
ကျနော်က "ဘာ ကတိလဲ ချစ်? "
သူမ နက်ရှိုင်းစွာ ဖွင့်ဟလာတဲ့စကားက
" ချစ် ကို သစ္စာ မဖောက်ပါဘူး ဆိုတာရယ်... ဘယ်ကိုရောက်ရောက် ချစ်ဆီ မရ ရအောင် ပြန်လာရမယ် ဆိုတာရယ်"
" အင်း ကတိ ပေးတယ်" 🤙
မိုး က "အဲ့တာဆိုမောင်လိမ်လိမ်မာမာနေမောင်အလုပ်ကိုကျြိုးစားပိုက်စံကိုအမေမသိအောင်စုထား"
ကျနော်က ပြောင်စပ်စပ်အသံ " ဟုတ်ဆရာမ"
ဒါပေမဲ့ သူမကတော့ အလေးနက်ပြောနေစဲပါ
"ချစ်တို့ခနလောက်တော့ခွဲရမှာပေါ့နော်
အဲ့တာဆိုမောင်သွားမှာချစ်ခွင့်ပြုပေးမယ်
ချစ်ဆီသေချာပေါက်ပြန်လာခဲ့ပါမယ်ဆိုတဲ့ဟာ"
ကျန်တော် မေမေနဲ့မြဝတီဘက် လိုက်သွားမယ်ဆိုတော့ သူ အရမ်း စိုးရိမ်နေတာ
ပုံမှန် ရန်ကုန်မှာဆိုတော့ ကျန်တော် အလုပ်ပိတ်ရက်တိုင်း ဟင်္သတ ကို သွား လည်ပါတယ်
Hotel ဌားပီး နစ်ယောက်ထဲ အခန်းထဲ Date ရင်း
သူမရဲ့ First time 🌙 ဆိုတာတွေ အားလုံးကို ကျန်တော် အပေါ် ကို ခွင့်ပြုပေးခဲ့တယ်
သူနဲ့ကျန်တော် ခိုးပြေးဖို့အထိ တွေးကြရင်း
" ချစ်ထွက်လာရင်ချစ်တို့မှာဘာမှမရှိလဲချစ်မှာဆွဲကြိုးဟန်းချိန်းရှိတယ်ရောင်းပီးတခုခုလုပ်ကြရအောင်"
ကျနော်က" အားး နေပါစေချစ်ရယ် "
သူမက တော့ "အဲ့တာတေကတချိန်မှာပြန်ရှာလို့ရတာပဲလေ... မောင်ရဲ့ မရှိ၀မ်းစာ ရှိတန်ဆာတဲ့မောင်ကြားဘူးတယ်မလား"
" ချစ်ရယ် ...မောင်ကြိုးစားပါမယ် ခနလေးစောင့်ပေးပါ ချစ်ကို ပြည့်ပြည့်စုံစုံဘဲ ထားချင်တာ"
သူမ .. သက်ပြင်းတချက် ချ ရင်း...
"ချစ်သိပါတယ်အဲ့တာကြောင့်ချစ်တို့အရင်..စဉ်းစားကြရအောင်မောင်ရာ"Thanks for waiting ✋👻
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔