"ဖိနပ် လက်ဆောင်ပေးရင် ကိုယ်ချစ်သူ က တခြားသူဆီ ထွက်သွားတက်တယ်တဲ့...."🎈ဒီလို အကြောင်းပြချက် အသေးအမွှားလေးတွေနဲ့...ငါ
🎈သူကြိုက်တဲ့ အဲဒီ ဖိနပ် နီနီလေး တွေ မဝယ်ပေးဖစ်ခဲ့ဘူး
သူကတော့ အကြောင်းပြချက် တစုံတရာတောင် မပေးဘဲ ထွက်သွားခဲ့တာဘဲ...
တကယ်တော့ ငါက"ဒီအတိုင်း"ငကြောက်ကောင် လေးသက်သက်😊
ဒီလိုသာ ...ရုတ်တရုပ် နင် ထွက်သွားလိမ့်မယ်မှန်း ငါ အစောထဲကသိခဲ့ရင်း
နင်ကြိုက်တဲ့ မုန့်တွေသွားစားရင်း နင်လက်လေးကို ဆွဲပီး ရွှေတိဂုံ ဘုရားလဲ တူတူဖူးကြမယ်
နင်ကြိုက်တဲ့ရုပ်ရှင်ကို နင်ထက်အစောကြီးလာပီး
လက်မှတ်ဖြတ်ပေးထားမယ်ငါအစောကြီး လာရလို့ဆိုပီ အမြဲဆူပူတာမျိူး လုပ်မိမှာမဟုတ်ဘူး...
ရန်ဖစ်တိုင်း တောင်းပန်ခိုင်းတာမျိူးးးးတွေ လုပ်မိခဲ့မှာမဟုတ်ဘူးးးး
ငါ လူတယောက်ကို ပြောပြဖူးတယ် "နင်က ငါကို သိပ်ချစ်တာ"လို့ပေါ့...
သူက ပြန်မေးတယ် "အဲလောက် မင်းကို ချစ်ပါတယ် ဆိုတဲ့ မိန်းကလေးက မင်းကို ဘာလို့ထားသွားတာလဲ"တဲ့...
...." ငါမကောင်းလို့ "....
ဟုတ်တယ် ... ငါမကောင်းခဲ့လို့ဘဲ မှတ်ယူပါတယ် ငါသာ ဒီထက် ပိုပီး ကောင်းခဲ့ရင်း နင်ထွက်မသွားလောက်ဘူး...
အကြိမ်တရာ မဟုတ်ဘူး အကြိမ် တထောင် လောက်တွေးမိတယ်...
သူအတွက် ဆိုပီး ရည်ရွယ်ချက်တွေလဲ ပျက်ခဲ့ရတယ်လေ... သူအတွက်ဆိုတာထက် ငါတို့ရဲ့ အိမ်မက်ဆိုရင်လဲ မှန်တယ်
"မောင်နဲ့အတူတူ နေချင်ပီ..." ဆိုတဲ့ အဲခပ်တိုးတိုး လေသံလေးက... ငါဘဝ တခုလုံးကို ဗြောင်းဆန်အောင် လုပ်နိုင်ခဲ့တယ်
အဲနေ့ အဲချိန် က စပီး လျှောက်ခဲ့တဲ့လမ်းတွေက
သူနဲ့အတူ ရှိမဲ့ အိမ်ငယ်လေး ကို တည်ဆောက်မဲ့ လမ်းတွေပေါ့...
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔