အဖြစ်အပျက်တွေ က မြန်ဆန်လွန်းလှပါတယ်
အချိန်တိုလေး အတွင်း သူကို ချစ်မိသွားတာ......
တညလုံး ရင်ခုန်သံတွေသာ မညာခဲ့ဘူး ငါသူကို ချစ်နေမိပီး
ထင်တယ် ဆိုတဲ့ အတွေး တွေ မစဥ်းစားတက်ခဲ့သေးဘူးအဲချိန်တုံးက ငယ်သေးလို့လဲထင်ပါတယ်....💭
ရင်ခုန်တွေ အမြင့်ဆုံး သတ်မှတ်ချက်ကို မရောက်ခင်ကပေါ့
အဲနေ့ လေးက 🥰🥰🥰 ...
ညဘက် စာကျက်ဝိုင်း ကို ရောက်တော့ သူငယ်ချင်း တယောက်က အသဲပုံ သကြားလုံး အစိမ်းရောင်လေး လာပေးတယ်
ဘာရယ် မဟုတ်ဘူး ချက်ချင်းဖောက်ပီး စားလိုက်ပီး
အခွံလေးကို စာအုပ်ကြားထဲကို ညှပ်ထားလိုက်တယ်အဲဒါကို သူ မြင်ဖြစ်အောင် မြင်သွားပီးတော့
အကြည့် တမျိူးနဲ့ကြည်တယ်....ကိုယ်ကလဲ ဘာလဲ ဆိူတဲ့ အကြည့်နဲ့ ပြန်မေးတယ်
ကိုယ်က တော့ ရိုးရိုးသားသား ပါဘဲ 😁 အဲသူငယ်ချင်းက ဘာသဘောနဲ့ လာပေးလဲ မသိပေးမဲ့ .....
သိပ်မကြာပါဘူးး....
သူမက လာပီး အအေး လာတိုက်တယ်...
"ဟဲ့ အအေး သောက်ဦး .." ဆိုပီး ဗူးကို ထိုးပေးတယ်
ကိုယ်ကလဲ ဘာရယ်မဟုတ်ဘူး ငြင်းလိုက်မိတယ်
"တော်ပီနော် ငါမသောက်တော့ဘူး"😁
ပြောပီးလို့ စကားဆုံးတာနဲ့ မျက်စောင်းလှလှလေး တစ်ပွင့်ကို
သူ ကျွန်တော်ကို စွန့်ကြဲလိုက်တယ်😁ကျန်တော်လဲ ရင်ထဲ အမျိူးအမည်မသိတဲ့ feeling တမျိူး
ခံစားသွားရတယ်🥰ရင်ဘတ်တခုလုံး ဝိုင်းဒိုင်းကြဲသွားတယ် ဆို ပိုမှန်မလား
မိုး က ကျန်တော်ကို" နင်က ဘာသဘောလဲ ဒါက ငါကျွေးတာကြ မစားဘူး အဲလို လား" နှုတ်ခမ်းလေး မဲရွဲပီး မေးရှာတယ်
ကျန်တော်လဲ ပျာပျာသလဲ ငြင်းရတာပေါ့
"မဟုတ်ရပါဘူး ယွန်းရာ နင်ကလဲ" ပြောနေရင်းနဲ့
စိတ်ထဲ နောက်ချငိတဲ့စိတ်ကပေါ်လာတယ်
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔