မထင်မှတ်ထားတဲ့ မနက်ခင်း တခုမှာပေါ့ ....
ပုံမှန်နေ့တွေလို့ဘဲ.... ကျန်တော်နဲ့မိုး ပီးတော့ တခြား သူတွေနဲ့ စကားပြောနေရင်းပေါ့"မိုး ဘယ်လိုဖစ်တာလဲ ရုတ်တရုပ်ကြီး အိမ်ပြန်သွားတော့ .. ငါလန့်သွားတာဘဲ"
မိုးက" ငါတို့အကြောင်းကို လူကြီးတွေ ရိပ်မိနေပီး..ထင်တယ် အထူးအထွေတော့မပြောဘူးအိမ်က"
ကျွန်တော်က "ဟုတ်လား ဘာလိုလုပ်ကြမလဲ ငါတို့"
အဲချိန်မှ မိုး ညီမ ရုပ်တရုတ်ရောက်လာကာ
ကျွန်တော်ကိုကြည်ပီး
"ဟဲ့ နင် ကို စိန်ခေါ်စရာရှိတယ်....
ဒီနစ်မှပြောင်းလာတဲ့ ၉တန်းက ရန်ကုန် က
ကောင်မလေး ၂ယောက်လေး နင် တောင်. ပန်းသွားပေးသေးတယ်လေ" မဲရွဲ့ပီး ခနဲ့တဲ့တဲ့ မျက်နာထားနဲ့ပေါ့ကျန်တော် ကလဲ အမြတ်ကတ်တာနဲ့ "အေးလေ အဲတော့ ဘာဖစ်လဲ"
သူက" အေး သူနစ်ယောက်ထဲက တစ်ယောက်ကို နင်ရအောင် လိုက်နိုင်ရင်း ငါတို့အကုန် နင်တို့နစ်ယောက်ကို သဘောတူပေးမဲ့ မနှောက်ယုက်တော့ဘူး"
ကျန်တော် မိုးမျက်နာကို တချက်လှမ်းကြည့်လိုက်ပီး
"နင်တကယ်ပြောတာလား သူသူ"
မိုး ကလဲ သူသူကို ကြည့်ပီး တခုခု ပြောမယ် အလုပ်....
ဝုန်း ဒိုင်း ဆိုတဲ့ ဆူဆူညံညံ အသံတခုကြားရတယ်
ခြေသံခပ်ပြင်းပြင်း အသံတခုရောပေါ့....
"ဆရာမ သူဘယ်မှာလဲ??" အဲ့အသံကပိုင်ရှု်ကျန်တော် ဒေါ်လေးပေါ့...
ဆရာမလဲ လိုက်ဝင်လာပီ "ဒီမှာ အမ"
ဦးလေးတယောက်လဲ ပါလာတဲ့ကျန်တော်မသိတဲ့ကျန်တော်အမျိူးတယောက်ပေါ့ ....
ကျန်တော်ကို ကြည်ပီး ဒေါ်လေးက "ကဲ နင်ပစ္စည်းတွေသိမ်းတဲ့"
ဘေးကသူငယ်ချင်းတွေက ပါ အံသြသွားပီ အလန်တကြား နေရာက ဖယ်ကြတယ်
"ဒေါ်လေး ဘာဖစ်လို့လဲ ဒီမှာ အဆင်ပြေနေတာကိုး"
ခြေတွေ လက်တွေ တုန်ပီး "ဒေါ်လေး... ဒေါ်လေး... ဘာဖစ်လို့လဲ... "
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romansမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔