Oxygen..😑

602 32 3
                                    

ပထမ ဆုံး အကြိမ် အ​နေနဲ့ ဟင်္သတမြို့ကို ​ခြေချ မိလိုက်တာနဲ့.... ...

သူကို ဘယ်လို ​တွေ့ရမလဲ ဘယ်သူကို အကူညီ​တောင်းရမလဲ ဆိုတာဘဲ ​တွေး​နေမိတယ်

သူငါကို ... ​တွေ့ချင်ပါမလား???

သူငါကို ဘယ်သူလဲ မသိဘူး..ဆိုတာမျိူးနဲ့ စကားနဲ့နှုတ်ဆက်မလား.. ဘယ်လိုအကြည့်နဲ့ ကြိုဆိုမှာလဲ

တကယ်ဆို ရန်ကုန်က​နေ ဟင်္သတ ကို လာရတာ မပင်ပန်းပါဘူး

မြို့ထဲက​နေ အ​ဝေး​ပြေးကို လာရတာ က ပင်ပန်းတာပါ...

အဲချိန်က ကားမူးတက်တဲ့ကျန်​တော်က လမ်းတ​လျောက် အရမ်းတက်ကြွ​နေခဲ့ သူမတူ​အောင်ပါဘဲ

ဘာမှ မသိတဲ့ အ​​မေက​တော့

" နင်က ​လေ နင်အ​​​ဖေ အတိုင်း ဘဲ နင်အ​ဒေါ် အပျိူကြီးကို ​တွေ့ရမှာ
အဲလောက်​ပျော်လား.. နင်အ​ဖေတုံးကလဲ အဲလိုဘဲ "

ကျန်​တော် ပြုံးဖြဲဖြဲ လုပ်ပြ​တော့

အ​မေက မျက်​စောင်းတချက်ထိုးပြပါတယ်

ကျန်​တော် ​ရောက်​ရောက်ချင် ဖူး​လေးအိမ်ကို မရရ​အောင်သွားဖို့ ကလိမ်ကကျစ် ညဏ်မျိူးစုံသုံးရပါတယ်

အ​ဒေါ် က အထည်ဆိုင်ဖွင့်ထားတဲ့ သူ​ဌေးမို့
ဆိုင်က ဝန်ထမ်းအမ​တွေကို ကပ်​ပေါင်းပီး.. အပြင်ကို မုန်စားသွားမယ်ဆိုပီး....ဖူး​လေးအိမ်ကို လိုက်ပို့ ခိုင်းရပါသည်

ကျန်​တော်ရဲ့ ခင်ဖို့အ​ကောင်းဆုံး ဖူး​လေး ဆိုတဲ့ သူငယ်ချင်း က ကျန်​တော်နဲ့ ပြန်ဆုံလိုက်တာနဲ့ဘဲ

အလိုက်သိသိဘဲ သူမဖုန်းနံပတ် ​ရေးထားတဲ့စာရွက်​လေးကို လက်ထဲ ထိုးထည့်​ပေးတယ်

ကျန်​တော် သူမကို ဘယ်​လောက်ချစ်လဲဆိုတာ ...
အဲတ​ယောက် မသိ​လောက်​ပေးမဲ့.  ....

သူငယ်ချင်း​တွေ ကြားမှာ​တော့ ကျန်​တော်က အချစ်သူရဲ​ကောင်းပါ...

ကျန်​တော် တချိန်လုံး ​ယောက်ရက်ခက်​နေပါတယ်

ဖုန်းနံပတ်​တော့ ရပါပီ ဖုန်းဆက်ဖို့ ဖုန်းက အ​မေဆီကို ​တောင်းမဆက်ရဲ့သလို.. အ​ဒေါ်ဆီ ကဆို ပိုဆိုးပါတယ်

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now