ဘယ်သူ သိမှာလဲ...ငါတို့ နစ်ယောက်ရဲ့ ဆက်ဆံရေးတွေက
ဒီလောက် အထိ အေးခဲသွားလိမ့်မယ်လို့....မြင်ယောင် မိပါသေးတယ်.....
ပထမဆုံး နင်မျက်နာလေးကို စတွေ့တဲ့ နေ့လေးပေါ့
အဲနေ့လေးက..... ကြယ်တံခွန် ဆိုတဲ့ အဲ ဘော်ဒါဆောင် လေးကို
က စရောက်တဲ့ နေ့ ....
ဆရာမ က '' ကလေး ရော့ ဖတ်ကြည် ဒါဘော်ဒါဆောင်ရဲ့ စည်းကမ်းချက်တွေ"
ကျန်တော် တခု တခု ပြောဖို့ ကြံရွယ်လိုက်စဥ်မှာဘဲ
ဒေါ်လေးက ထပြောတယ် "ဆရာမရယ် သေချာလေး အပ်ပါတယ် အောင်ရင်ဘဲ တော်ပါပီ ဆရာမရယ် "
ကျန်တော် နည်းနည်းတော့ မျက်နာ ပူသွားတယ် ဘေးကို
ဖြတ်ခနဲ့ ကြည်လိုက်စဥ် ကျန်တော် ကို စိုက်ကြည်နေတဲ့👀မျက်ဝန်း လှလှ လေး တစ်စုံနဲ့ ခလုတ်တိုက်မိသွား
တယ်....ဒီညတော့ ညတာရှည်ဦးမယ် ထင်တယ်💭💭
ဒီလိုနဲ့ ဆရာမ က " ကဲ ကဲ ထ ကလေး သွားမယ် ဒီနေ့တော့
နားလိုက်ဦး ပစ္စည်းတွေ နေရာ ချ ဖို့ ဆရာမလိုက်ပြမယ်"ဒေါ်လေးက " ဆရာမ အဲဆို ကျွန်မ သွားတော့မယ်
သူ မလိမ်မာတာရှိရင် ရိုက်ပါ ဆုံးမပါနော် "ပြီးတော့ ကျန်တော်ဘက်ကို လှည့်ရင်းး
" ဟဲ့ လိမ်လိမ်မာမာနေနော် စာကို သေချာကြိုးစား ဟလား
ငါဒါဘဲ ပြောမယ် "ကျန်တော် မချိူမခြင် ပြုံးရင်း လေးလံတဲ့ ခြေလှမ်းတွေ နဲ့
ဘော်ဒါ ဆောင်ထဲကို ဝင်လာခဲ့တယ်အဆောင်က အပေါ်အထပ်နဲ့ အောက်ထပ်နဲ့ ရှိပါတယ်
ကျန်တော် အောက်ထပ် ကို မှ အပေါ်ကို တက်တဲ့ လှေကားနားကို နေရာရပါတယ်...
ပစ္စည်းတွေ ချရင် တော်တော်လေး အစိမ်းသပ်မှုကို ခံစားနေရတယ် ... ဘယ်သူနဲ့မှ မသိသလို ဘယ်သူနဲမှလဲ မခင်ဘူးလေ
ဒီထက် ပိုဆိုးတာက ကျန်တော် ကိုယ်တိုင်ကိုကလဲ ဘယ်သူနဲ့မှ စကားမပြောချင်ပါဘူး.....ခြင်ထောင်ဖို့ ကြိုးစားတယ် အမြဲ အသင့် အခန့်သာ နေလာတဲ့ ကျန်တော် အဖို့က ခြင်ထောင်ကိုတောင် အဆင်ပြေအောင် မထောင်နိုင် သေးပါဘူး
ဘေးက ကြည်နေတဲ့ ကောင်မလေးက အမြင်မတော် လို့ ဝင်ကူပေးပါတယ်
ဒီလို နဲ့ အဲညက တကယ် ကို ညတာရှည်ခဲ့ပါတယ်...
အိပ်ပုတ်တဲ့ ကျန်တော် မနက်ဆို မထ နိုင်ဘူးလေ ...ပထမဆုံး နေ့က ပေါ့ တော်တော်လေး အိပ်ပျော်သွားတာ
အခန်းထဲ လူစစ်ကြည်ပီး ကျန်တော် မပါတာ ဆရာကသိမှ
ပြန်နိုးခိုင်းရတဲ့အထိပါဘဲ ...
လှေကား အနားမှာ နေရာ ဖစ်ပီးအပေါ်ထပ်က လူတွေ ဆင်းသွားတာ မသိသလို့ ဘေး ကုတင် က လူတွေ ထွက်သွားတာလဲ မသိလိုက်တဲအထိ အိပ်ခဲ့တဲ့ နေ.ပေါ့🤣🤣
...... .. ........ .......... ...... ............
Pls wait for Part 4
YOU ARE READING
ကောင်းကင်ထဲကမြစ်တစ်စင်း...💭
Romanceမောင်... 😓 ချစ်လေ သူနဲ့ ယူဖြစ်သွားရင်တောင် မောင်ကိုတိတ်တိတ် လေး ချစ်နေမှာ .. အဲဒါကို မောင်ယုံ..💔