99.9%(Replay part)

506 21 2
                                    

သူ​ Facebook မှာ လာပထမဆုံး စကား​ပြော​တော့ ..

Hi... နင် ငါကို ​မှတ်မိလား ငါ မိုး...."

ကိုယ်မျက်လုံး ​တောင် ကိုယ်မယုံနိုင်ဖစ်သွားတယ်

ဝမ်းသာ အားရပါဘဲ ...ကျန်​တော်.. ...

" ဟာ.. နင် မိုးလား..​" စာပြန် ပို လိုက်ပီး

လက်​တွေကလဲ တုန်ရီ​နေရင်းး..​..

"ငါနင်ကို ရှာ​နေတာ ကြာပီ.. ငါနင်.. ကို" စာ​ရေး​တာကို ရပ်လိုက်ပီး မပိုခင်... ကျန်​တော်..

သူ ပုံ​လေးကို အရင်​တွေ့ချင်တဲ့ စိတ်က ပိုခဲ့တယ် ထင်ပါရဲ့

သူ facebook wall​လေးက်ို ဝင်လိုက်ခိုက်......

လှပစွာ ပြုံးပြ​နေတဲ့ သူ profile pic နဲ့အတူ

Cover photo မှာ ​နေရာယူထားတဲ့.... Couple photo ​လေး ကကျန်​တော်ကို ​လှောင်ပြုံး ပြုံးပြ​နေ​လေရဲ့.....

တစုံတ​ယောက်​သော သူကနဲ့သူ အတူ.. ...

မိုးကြိုး အစင်း ၁၀၀​​လောက်​ ​ခေါင်းကို ပစ်ချသွားသလို့ .........

ဒါ​ပေမဲ့... ငါက

တကယ်....​ထင်မှတ်မထား​ပေးမဲ့ စိတ်ထဲမှာ အရင်ထဲကအလိုလိုသိ​နေခဲ့သလို...

သူ... အခြားတ​ယောက်ရှိ​နေနှင့်ပီးဆိုတာကိုး​ပေါ့

ပထမဆုံးအကြိမ်... ပြန်ဆုံတုံးက...

နင်​ပြောခဲ့တဲ့ စကားအချိူ့ ပြန်ကြား​ယောင်တုံး

"ငါတို့ နစ်​ယောက်က တကယ်ဘာမှလဲ မဟုတ်ဘဲနဲ့" တဲ့.. . ဆရာမ​တွေ..က .....

အဲတုံး က အသံ တချိူ့ ပြန်လည်ကြား​ယောင်​နေစဲ....

📮သို့ ငယ်ချစ်ဦး

အထက်တန်းကျောင်းသားဘဝ ဖြတ်ကျော်ပီးလို့
နောင်နှစ်တွေ ကြာလာတဲ့အခါ
facebook ပေါ် မှာကျောင်းတုန်းကငယ်ချစ်ဦးကို
လိုက်ရှာမိတယ် ငယ်ကချစ် အနှစ်တရာတဲ့
ဘယ်မေ့နိုင်လိမ့်မလဲ့😥😥

ငါကတော့ ကျောင်းတုန်းကလိုဘဲပေါတောတော
ပြောင်ချော်ချော် ကလေးစတိုင်လ် ဖမ်းနေတုန်း😁

ငါတို့ကျောင်းကသူငယ်ချင်း
တစ်ချို့တွေကတော့ Relationship တွေကိုယ်စီနဲ့ ကြည်နူးနေကြတဲ့အချိန်⌚⌚⌚
တစ်ချို့တွေကတော့ ရည်းစားဦးကိုမမေ့နိုင်လို့
ငါလို့ဘဲ single ဘဝနဲ့ အရိုးထုတ်နေလေပီ😨

နင်မှတ်မိနေဦးမလား
ငါတို့နှုတ်ဆက်ကြတဲ့ အချိန်က
မိုးရွာကြီးထဲမှာ ငိုခဲ့ကျတဲ့ မျက်ရည်တွေ ...
အဲဒီ နေက စနေ နေ့📆📝

အကယ်ရ်ျ နင်မမှတ်မိဘူးလို့ ပြန်ပြောတဲ့အခါ
သေချာပါတယ် နင်မငိုဘူးပေါ့ ငါက
မိုးရွာကြီးထဲ နင်ရော ငိုနေခဲ့ထင်တာ😅

လမ်းမှာတွေ့ခဲ့ရင်း နင်ငါကို မှတ်မှမှတ်မိပါမလား 
ငါတို့ဝေးသွားခဲ့တဲ့ နှစ်တွေဆိုတာလည်း
နည်းမှ မနည်းတော့ပဲကိုး ။   ။

ဒီစာစု ​လေး ​ရေးထားတာ မ​နေ့ တ​နေ့ကလိုဘဲ....

မင်စက်​တွေ​တောင် မ​ခြောက်​သေးဘူး....

နင်... အမြဲ လိမ်တယ်...

ငါကို မချစ်​ဘူး​ဆိုပီး.....

ပိုဆိုးတာ. . . . နင်အမြဲ ညာတယ်

ငါကို သိပ်ချစ်တယ် ဆိုပီးးး

နင်ကို ချစ်ရတာ သိပ်အထီးကျန်လွန်းပါတယ်

တခါ တ​လေ တဖက်သက်အချစ်လို

တခါတခါ ကြ ​တော့လဲ အ​ပေါစား အချစ်လို

ဒါ​ပေမဲ့ ငါ​သေ​လောက် အထီးကျန်လဲ မင်းအ​ပေါ်ထားတဲ့အချစ်က ဘယ်​တော့မှမ​ပြောင်းလဲခဲ့ပါဘူး...

မင်း​ပေါ်မှာ ထားတဲ့ငါရဲ့အချစ် က အမြဲ ခမ်းနားခဲ့ပါတယ်......

...ဒီလို မင်း ရဲ့ Facebook cover photo ​လေးကို ကြည့်ရင်း... အ​ကြောင်းအရင်း မဲ့ ဟားတိုက်ရယ်လိုက်မိတယ်.....

ယွန်း ... အမြဲ နင်​ဘေးမှာ ငါမဟုတ်တဲ့ တခြားတ​ယောက်က ဘယ်အချိန်အထိ ​နေရာယူ​နေဦးမှာလဲဟာ..


ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now