စတင်ခြင်း- ၃

231 14 5
                                    

အေးစက်ခြင်းကို ခံစားရသည်။ ထို့အတူ စိုစွတ်ခြင်း။ ဦးခေါင်းမှ စီးကျလာသော ရေစက်တွေက လည်ပင်းသို့ စီးကျကာ ရှပ်အင်္ကျီထဲသို့ စီးဝင်သွားသည်။ မျက်နှာတပြင်လုံး စပ်ဖျင်းမှူနှင့်အတူ သူ့မျက်လုံးတို့ ပွင့်လာရသည်။

သူသည် ထိုင်ခုံတလုံးပေါ်တွင် ထိုင်လျက်ရှိနေသည်။ လက်ပြန်ကျိုးထုတ်ထားသဖြင့် လက်မောင်းရိုးတစ်လျှောက် ကျဉ်စူးနေသည်။ ခြေထောက်နှစ်ချောင်းကိုလည်း ပူးတုတ်ချည်ထားသည်။ သူ့ပုံစံသည် နေရာမှ ထွက်ပြေးနိုင်ဖို့နေနေသာသာ ခုံပေါ်ကပင် မထနိုင်ချေ။ သူသည် ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်သည်။

ပြတင်းပေါက်မရှိသော အခန်းတစ်ခုအတွင်း ရောက်နေသည်။ မျက်နှာကြက်မှ အဝါရောင် မီးသီးတစ်လုံး တွဲလွဲကျနေပြီး မီးရောင်မှိန်မှိန်က အခန်းအတွင်း ဖြာကျနေသည်။ သူ့ရှေ့တည့်တည့် အကွာအဝေးတစ်ခုတွင် စားပွဲတစ်လုံးရှိသည်။ စားပွဲ၏နောက်တွင် ထိုင်ခုံတစ်လုံးရှိပြီး လူတစ်ယောက်ထိုင်နေသည်။ ထိုလူသည် တစ်ကိုယ်လုံး နက်စွေးသော အဝတ်ကို ဝတ်ထားပြီး မျက်မှန်နက်ကို တပ်ထားသည်။ ခြေထောက်နှစ်ဖက်ကို စားပွဲပေါ်တွင် ချိတ်၍ တင်ထားပြီး ဆေးလိပ်ကို နှုတ်ခမ်းတွင် ငုံထားသည်။ ထိုလူက ခေါင်းဆောင်ဖြစ်ပုံရသည်။

လူငါးယောက်က သူ့အား ဝိုင်းထားသည်။ ထိုအထဲမှ ကျောင်းကအပြန် သူ့နောက်မှ ခြေရာခံလိုက်လာသော လူနှစ်ယောက်ကို ဒဏ်ရာပရပွနှင့် တွေ့ရသည်။ ယခုအဖွဲ့သည် ကားပေါ်ကအဖွဲ့နှင့်တော့ တူမည်မထင်။ ဘယ်နှယ်ကြောင့် လူဆိုးအဖွဲ့တွေက သူ့အား အသည်းအသန် အလိုရှိနေရပါသနည်း။

' နိုးလာပြီ အာစရိ '

ငါးယောက်ထဲမှ တစ်ယောက်၏ အသံက တိတ်ဆိတ်သော ဝန်းကျင်ကို ဖြိုခွဲလိုက်သည်။

' ပစ္စည်းတွေ ဘယ်မှာ ဝှက်ထားလဲ '

ခေါင်းဆောင်ဟုထင်ရသည် လူက မေးသည်။ ထိုလူ့အသံကြားကြားချင်း မိုးသည်းညက တွေ့ခဲ့ရသော လူကို ဖျက်ခနဲ သတိရသွားသည်။ ဩဇာလွှမ်းသော အသံမျိုး။

' ဘာ ပစ္စည်းလဲ '

သူ မေးလိုက်သည်။ ကားပေါ်မှာတုန်းကလည်း အမေးခံခဲ့ရသည်။ ယခုလည်း သူမသိသော ပစ္စည်းကို တောင်းနေပြန်ပါပြီ။

ချစ်ခြင်းဋီကာDonde viven las historias. Descúbrelo ahora