ရင်ခုန်ခြင်း- ၁

229 12 3
                                    

၂၀၁၀ | မတ်လ | ၅ရက်

တိုက်ပိတ်ခြင်း ၁၀ ရက်မြောက်နေ့တွင် အပြင်ထွက်ခွင့်ရသည်။ အခန်းထဲတွင် နေ့နေ့ ညည မီးဖွင့်ပြီး နေခဲ့ရသဖြင့် နေရောင်အောက်တွင် မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်။

လက်ပြန်ကြိုးတုပ်ထားပြီး ရှေ့ကလူ ခေါ်ရာ လိုက်သွားရသည်။ သူ့ဘေး နှစ်ဖက်တွင်လည်း အစောင့် နှစ်ယောက်က ပါလျက်သား။

မောင်သည် မာဖီးယားဂိုဏ်းတစ်ခုသို့ ရောက်နေသလိုခံစားရသည်။ နယ်စပ်မြို့ မဟုတ်ပါပဲ ဥပဒေစိုးမိုးသော မြို့ကြီးဖြစ်နေတာတောင် ဤသို့သော အုပ်စုဖွဲ့ သောင်းကျန်းသူတွေ ရှိနေသည်လား။

ရှေ့ကလူက အခန်းတစ်ခုရှေ့ ရပ်လိုက်တော့ မောင်တို့သုံးယောက်ပါ ရပ်တန့်လိုက်ရသည်။
ထိုလူက အခန်းတံခါးကို လက်ဆစ်ဖြင့် သုံးချက် ခေါက်သည်။

' ဝင်ခဲ့ '

ခွင့်ပြုသံအဆုံး တံခါးဖွင့်ပြီး ဝင်သွားသဖြင့် မောင်ပါ လိုက်ဝင်ရသည်။ အခန်းထဲတွင် စားပွဲရှည်ကြီး တစ်လုံးနှင့် ထိုင်ခုံတွေသာ ရှိသည်။ မျက်နှာကျက်တွင် မီးဆိုင်းကြီးတစ်ခု ချိတ်ဆွဲထားပြီး တစ်ခန်းလုံးကို ပြင်ပ အလင်းရောင်မဝင်အောင် လိုက်ကာစများဖြင့် ကာထားသည်။ မျက်နှာကျက်က မီးဆိုင်းအလင်းရောင်သာ အခန်းအတွင်း ဖြန့်ကျက်ထားသည်။ မောင်သည် အခန်းဖွဲ့စည်းပုံကို သုံးသပ်ပြီး အစည်းအဝေးခန်းမဖြစ်ပုံပဲဟု ဘာသာ မှတ်ချက်ချလိုက်သည်။

ရှေ့ကလူက စားပွဲရှေ့က ထိုင်ခုံကို လက်ညှိုးထိုးပြသဖြင့် မောင် ဝင်ထိုင်လိုက်သည်။ စားပွဲရှည်၏ ထိပ်ဆုံးတွင် ရိုင်းဆိုသည့်လူကြီး ထိုင်နေပြီး ထိုလူ၏ဘေးထိုင်ခုံတွင် ကိုညီသု နေရာယူထားသည်။ သူသည် ကိုညီသုအား ပြုံးပြမည်ဟန် ပြင်သောလည်း ကိုညီသုသည် သူ့အား ကြည့်မနေဘဲ ရိုင်းနှင့်ဆွေးနွေးနေသဖြင့် မျက်နှာကို ပြန်တည်တံ့လိုက်သည်။

' ကောင်လေးရောက်ပါပြီ အာစရိ '

သူ့အား စောစောက ခေါ်လာသူက အသံပေးမှ ရိုင်းနှင့်ကိုညီသုသည် သူ့ဘက်ကို လှည့်ကြည့်လာသည်။

ချစ်ခြင်းဋီကာDove le storie prendono vita. Scoprilo ora