ပျော်ရွှင်ခြင်း။
လူသားတွေဟာ ပျော်ရွှင်ခြင်းဆိုတဲ့ အရာကို ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ရှာဖွေလေ့ရှိပါသလဲ။
ကိုယ့်ရဲ့ပျော်ရွှင်ခြင်းဟာ တခြားသူအပေါ်မှာ မူတည်နေတာမျိုးက အဓိပ္ပာယ်ရှိပါသလား။
စစ်မှန်တဲ့ ပျော်ရွှင်ခြင်းဆိုတာ ဘယ်လိုမျိူး အဓိပ္ပာယ်ဖွင့်ဆိုရပါသလဲ။
သူ့ရဲ့ပျော်ရွှင်ခြင်းကတော့ အသက် ၂၀ အရွယ် ကောင်လေးတယောက်ရဲ့ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းထောင့်ချိုးမှာ မှီတည်နေခဲ့ပါတော့တယ်။
[][][]
အင်္ဂါနေ့၏ ညဦးပိုင်းကာလ
မိုးဥတုကို ဝင်လာပြီမို့ ရန်ကုန်မြို့ဟာ အချိန်တိုင်းနီးပါး မိုးတဖျောက်ဖျောက်နှင့်။ ည ၈ နာရီဖြစ်နေပေမဲ့ လုပ်ငန်းခွင်က ပြန်လာသူတွေနှင့် ကတ္တရာလမ်းမများသည် စည်းကားနေဆဲဖြစ်၏။
မိုးတဖွဲဖွဲကြားက ထီးတချောင်းနဲ့ ခပ်သုတ်သုတ် လမ်းလျှောက်နေကြသူတွေ၊ လမ်းကြပ်လို့ တရွေ့ရွေ့လာနေရတဲ့ ဘတ်စ်ကားကို လည်ပင်းဆန့် မျှော်နေသူတွေ၊ ဘတ်ထရီမီးချောင်းကို ထွန်းလို့ ဧည့်ကိုမျှော်နေကြတဲ့ လမ်းဘေးစျေးသည်တွေ။ ထိုကဲ့သို့ သာမာန်လူတန်းစားနှင့် အောက်ခြေလူတန်းစားတို့၏ သွားလာလှုပ်ရှားနေပုံကို ရိုင်းသည် ကားထဲမှာ စီးကရက်ဖွာရင်း ထိုင်ငေးနေပါသည်။
မိုးစက်ပေါက်များသည် တဖွဲဖွဲကျနေရင်းမှ ဝုန်းဒိုင်းကြဲသည်းလာစဉ် သူသည် ကားမှန်ပြတင်းကို ဆွဲတင်လိုက်ပြီး ကားအတွင်းမီးကို ဖွင့်လိုက်သည်။
နောက်ပြီး လမ်းမီးတိုင် ကျိုးတို့ကျဲတဲ ထွန်းထားသော လမ်းကြားလေးထဲကို မျှော်ကြည့်မိသည်။ လမ်းကြားကလေးက သည်းထန်သော မိုးစက်များအောက်ဝယ် ငြိမ်ငြိမ်သက်သက်ကလေး လဲလျောင်းနေသည်။ လမ်းဘေးစျေးသည်တို့သည်လည်း မိုးလွတ်ရာကို ခိုနားကြကုန်သဖြင့် လေလွင့်ခွေးတကောင်တလေပင် မတွေ့ရတော့ချေ။
နာရီကို ငုံ့ကြည့်လိုက်တော့ ၈ နာရီ ၁၅ မိနစ်။
သူ ဒီနားမှာ ကားထိုးရပ်နေတာ မိနစ် ၂၀ တိတိရှိလေပြီ။
CITEȘTI
ချစ်ခြင်းဋီကာ
Dragosteကာရံညီ စည်းချက်ကျ ရင်ခုန်သံအား ဗဟိုပြု၍ ချစ်ခြင်းဋီကာ ဖွင့်ဆိုရသော်...။