ရင်ခုန်ခြင်း- ၅

164 8 3
                                    

" ဟာ အင်္ကျီအသစ်တွေနဲ့ပါလား "

ကိုညီသု၏ ရွှတ်နောက်နောက်စကားသံကြောင့် မောင် အနည်းငယ်ရှက်သွားမိသည်။ မောင်သည် တမြန်မနေ့က ဝယ်လာသော တီရှပ်အဖြူရောင်နှင့် ကာကီရောင်ဘောင်းဘီကို ဆင်မြန်းထားသည်။ တလနီးနီး ညဝတ်အင်္ကျီ သုံးစုံဖြင့်သာ နှစ်ပါးသွားထားရသော မောင့်အတွက် အဝတ်အစားအသစ်တွေ ဝတ်ရသည်မှာ စိတ်အိုက်စရာကောင်းပြီး လွတ်လွတ်လပ်လပ်မရှိ။ အဝတ်အစားသစ်များနှင့် သန့်ရှင်းသပ်ရပ်နေသော မောင့်မျက်နှာကြည်ကြည်ကို ရိုင်း၏တပည့်တပန်းများကလည်း ကွက်ကြည့်ကွက်ကြည့်နှင့် ထူးဆန်းနေပြန်သည်။ ဒီကြားထဲ ကိုညီသုက ရွှတ်နောက်နေပြန်တော့ မောင့်မှာ မျက်နှာထားစရာမရှိအောင် ရှက်ရပြန်သည်။

" ဟုတ်တယ်။ ကိုညီသု့သူဌေးက သနားလို့ စွန့်ကြဲထားတာတွေလေ "

မောင့်ဖြေသံကိုသဘောကျ၍ ကိုညီသုက တဟားဟား အော်ရယ်သည်။

" ငါပြောသားပဲ။ ရိုင်းက သဘောကောင်းပါတယ်လို့။ သူက အပြောမချိုလို့ပါကွာ "

အမြဲတမ်း မျက်ခုံးတွေ တွန့်ကုတ်ထားသော ရိုင်းမျက်နှာတင်းတင်းက မောင့်အာရုံတွင် လာထင်သည်။ ထို့ကြောင့် မောင်သည် နှာခေါင်းရှုံ့မိပြန်သည်။

" သူ အပြောမချိုတာကလည်း စကားလုံးတွေနဲ့ လူသတ်လို့တောင်ရတယ်။ တဖက်သား ဘယ်လိုခံစားရမလဲမတွေးဘူး။ သူ ပြောချင်တာပဲပြောတာပါဗျာ "

" ဘယ်ကတည်းက ရိုင်းကို မကျေမနပ်ဖြစ်နေရတာလဲ။ မင်းက သူ့အကြောင်း သေချာမသိသေးလို့ပါကွာ။ ရိုင်း ကယ်တင်ခဲ့ဖူးတဲ့ ဘဝတွေမှ အများကြီးဘဲ "

ကိုညီသု၏ ရိုင်းအားချီးမွမ်းသည့်အကြောင်းကို နားထောင်ပြီးနောက် မောင် နှလုံးအောင့်သွားရသည်။ အဘယ့်ကြောင့် ရိုင်း၏ အလုပ်သမားများသည် ရိုင်းအား ဘုရင်တစ်ဆူလို ကိုးကွယ်နေရပါသနည်း။ သူတို့ရှေ့မှာတင် ရိုင်းက လူပေါင်းများစွာကို ရိုက်နှက်အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား။ ဒီခြံကြီးထဲမှာ သူနေတာ တလပြည့်ပြီဖြစ်ပေမဲ့ ရိုင်း၏ကောင်းကွက်တစ်ကွက်ကိုပင် ရှာမတွေ့ရသေးပါ။

ချစ်ခြင်းဋီကာOnde histórias criam vida. Descubra agora