Ep-2

268 17 8
                                        

       အိပ်သူကအိပ် ဖုန်းကြည့်သူကကြည့်ဖြင့်
တစ်ကားလုံး ငြိမ်သက်နေသည် ။ ထိုအချိန်တွင်
ကားသမား၏ အသံကထွက်ပေါ်လာသည် ။
"ထမင်းစားနားဖို့ ကားရပ်ပါမယ်ခင်ဗျာ ကိုယ်ရဲ့
ပစ္စည်းတွေကိုကိုယ်နဲ့မကွာ ယူဆောင်သွားကြပါ ပစ္စည်းအပျောက်အရှရှိခဲ့သော် ကျတော်တို့ကတာဝန်ယူမှာမဟုတ်ပါဘူးခင်ဗျာ'' ကားပေါ်ကလူများအားလုံးသည် တစ်ယောက်ပြီးတစ်ယောက် ဆင်းသွားကြသည် ။ Sanaလည်း ကျောပိုးအိတ်လေး လွယ်ပြီးဆင်းမယ်လုပ်တော့ ဘေးနားက
အမတော်လေးကအခုထိမထသေး ။ တော်ကြာ
နိုးလာလို့ ကားပေါ်မှာ သူတစ်ယောက်တည်းဆိုပြီး ကြောက်နေရင်လဲဒုက္ခ ။ မထူးပါဘူးလေ သူ့ကိုနှိုးလိုက်တော့မယ် ။ Sana သူ့ပုခုံးလေးကို
လှမ်းကိုင်လိုက်တော့ နူးညံ့နေတာပဲ ၊ သူ့ဘာ
တွေများသုံးလို့ ဒီလောက်နူးညံ့နေတာလဲမသိ။
အခုတော့နေနှင့်ဦးပေါ့ ငါ့ရည်းစားဖြစ်မှာအဝ
ကိုင်ပြစ်မယ် အဟိ....။ အတွေးတွေကိုရပ်လိုက်
ပြီး သူ့ပုခုံးလေးကိုသာ အသာလှုပ်လိုက်သည်
အိပ်ချင်မူးတူးရုပ်လေးနဲ့ မျက်လုံးဖွင့်လာပြီး
မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်နေသောကြောင့်
သူ့လက်ကို လှမ်းကိုင်လိုက်ပြီး ပြောလိုက်သည် ။

    "မျက်လုံးကိုလက်နဲ့ပွတ်ရင် အရေးအကြောင်းတွေပေါ်လိမ့်နော် မ ''
        Dahyun ကိုသူက မ လို့ခေါ်လိုက်တာလား?? Dahyun အိပ်ချင်နေလို့ နားကြားများမှားလေသလား မဟုတ်ပါဘူး သေချာကိုကြား
လိုက်တာပါ ။ ဘယ်လိုကောင်မလေးပါလိမ့် အခုမှတွေ့တဲ့သူကို ဒီလိုခေါ်တယ်ဆိုတော့
တော်တော်ရဲတင်းတဲ့ဟာလေး ။

"Sanaကချောလို့ အဲ့လောက်ကြည့်နေတာလား
ကြည့်ချင်ရင်လည်း ကားပေါ်ပြန်တက်လာမှ
အဝကြည့်နော် အခုတော့ထမင်းသွားစား
ကြမလား ''

      "မစားတော့ပါဘူး ''

"ဘာလဲ Sanaနဲ့ကားပေါ်မှာနေခဲ့ချင်လို့ဂွင်ဆင်နေတာလား မ''

      ဘယ်လိုကလေးမလေးပါလိမ့်နော်!! သူ့ဘေးခုံကို ဝယ်မိတဲ့ငါ့အမှား ငါ့အမှား ဟူး.....
Dahyun လည်းပြိုင်မပြောချင်တော့တာမို့ ကားပေါ်ကနေဆင်းလာပြီး စားပွဲခုံတစ်ခုမှာဝင်ထိုင်လိုက်သည် ။ Menuကိုကြည့်လိုက်တော့လည်းဘာမှ သိပ်မစားချင်တာမို့ Coffeeတစ်ခွက်သာမှာလိုက်သည် ။

ခြွေ 🍂(ခြွေ)Where stories live. Discover now