" မ ထတော့လေ... ကားကဂိတ်ကိုရောက်တော့မယ် မရဲ့....''
Dahyun ကားမှန်ကိုမှီပြီးအိပ်ပျော်နေတုန်း ဘေးကသာလိကာလေးရဲ့ အသံစာစာလေးကိုကြားသဖြင့် အိပ်နေရာမှထလိုက်သည် ။" ဟင်.. ရောက်တောင်ရောက်တော့မှာလား ''
"ရောက်တော့မယ်လေ မ ရဲ့ မ ဘေးကိုကြည့်လိုက် နာရီစင်ကြီးတွေ့လား ''
Dahyn ပြတင်းပေါက်ဘက်ကိုလှည့်
ကြည့်လိုက်တော့ အဖြူ ရောင်မြူ မှုန်လေးတွေ
ကြားထဲကနေ မြင်နေရတဲ့ နီညိုရောင်နာရီစင်
ကြီး......"မမကိုနှိုးပေးတာကျေးဇူးပဲနော် Sana''
"ဟုတ် ရပါတယ်မမရဲ့ '' ငါ့နှယ်နော် ရည်း
စားဖြစ်ရင် မနဲ့ကလေး ဆိုပြီးရိုမလို့ ဒီSister zone ထဲအတင်းသွင်းနေတဲ့ အမကြီးနဲ့တော့
ဒုက္ခပါပဲ ။" ဒါနဲ့ မမက... ဘယ်ကိုသွားမှာလဲဟင် ''
" အစကတော့ မမ ကလောကိုသွားမလို့
ဒါပေမယ့် ကလောမှာကအခုတလောခရီးသွား
တွေအတော်များတယ်တဲ့ အိမ်ခန်းငှါးခတွေကလည်း ဈေးကြီးတယ်လေ အဲ့တော့ပြင်ဦးလွင်
ဘက်ပဲငှါးလိုက်တယ် ''"Sana လည်းပြင်ဦးလွင်ဘက်ပါပဲ Sana
ကဓာတ်ပုံရိုက်ဖို့လာတာ ဆရာမကြီးတော့မဟုတ်ပါဘူး ဒီတိုင်းလျှောက်လက်တတ်စမ်းတာ
ဆိုပါတော့ ''" မမ အဆင်ပြေမယ်ဆိုရင်လေ Sanaကို
Sa လို့ခေါ်ပါလား မမကSanaလို့ခေါ်လို့သာ
Saက ကိုယ့်ကိုကိုယ်Sana Sanaဆိုပြီးပြောနေရတာ အကျင့်မရှိတော့ ထောက်နေလို့ ဟီး...''" ရပါတယ်ရှင် Saလို့ခေါ်ရတာမမတောင်ပို
သက်သာပါသေးတယ် ''"ဟုတ် မမ''
" မမ အဲ့ဒါဆိုပစ္စည်းတွေသေချာပြန်စစ်အုံး ကားကနောက်၁၅မိနစ်လောက်ဆိုဂိတ်
ကိုရောက်လောက်ပြီ ''Dahyun လဲSana လေးကိုပြုံးပြလိုက်ပြီး ပစ္စည်းတွေကိုသေချာပြန်စစ်ကြည့်လိုက်သည် ဘာမှများများစားစားမထုတ်ထားတာမို့ ပြန်
ထည့်စရာကလည်းမများပါ ခေါင်းကိုက်ရင်သောက်တဲ့ဆေးကဒ်ရယ် ၊ ရေဘူးရယ် ၊ လက်ကိုင်ပုဝါရယ် ကျန်တဲ့တိုလီမုတ်စပစ္စည်းလေးတွေရယ်
ဒါပါပဲ ။
ပစ္စည်းတွေထည့်ပြီးတော့ Sana နဲ့ရောက်တက်ရာရာလေးတွေပြောရင်းသာ ဂိတ်ကို
ရောက်လာခဲ့သည် ။ ကားပေါ်ကဆင်းပြီး အိတ်
တွေကိုကားအောက်ခန်းထဲနေထုတ်လိုက်သည် ။ ကိုယ့်အထုပ်တွေဟုတ်မဟုတ်လည်းပြန်စစ်ရသေးတယ် မတော်မှားသွားရင်ဘယ်လိုက်ရမှန်းမသိလေ ။(ကိုယ်တစ်ခါဖြစ်ဘူးတယ် သွားချင်ဇောနဲ့ကားဂိတ်ကနေ ဘယ်သူ့အထုတ်ကြီးမှန်းမသိဆွဲလာတာ အထုတ်ကလည်းတူနေတာလေ ၊ တည်းမယ့်အိမ်ရောက်တော့မှ အဝတ်အစားလဲမယ်ဆိုပြီး ဖွင့်တာပိုင်ရှင်ကနံပါတ်ကုဒ်နဲ့ဖွင့်ရတဲ့သော့ အဲ့ကြမှငိုတော့တာ ဟိုလူကယ်ပါ ဒီလူကူပါတွေဖြစ်တော့တာပဲ ။ ကိုယ်တည်းတဲ့အိမ်ကလူတွေကလည်း သော့ကိုတူနဲ့ရိုက်ဖျက်ပြီးတော့မှ အထဲကလိပ်စာကဒ်တွေ့တာအဲ့ကိုဆက်သွယ်ပြီးပြန်လဲရတယ် တကယ်ဖြစ်တက်လို့ သတိထားကြပါနော် 😗)
ကားငှါးမယ်ဆိုတော့ ကားကမရှိဆိုင်ကယ်တွေပဲ ရှိတာမို့ Dahyun လည်းဆိုင်ကယ်ကယ်ရီနှစ်စီးငှါးလိုက်ပြီး သွားမည့်လိပ်စာပြလိုက်
တော့သူတို့ကသိသည်တဲ့ ကံကောင်းလို့်ပေါ့ ။
Dahyun လည်းဆိုင်ကယ်ဦးထုတ်ဆောင်းပြီး
ဘေးတစောင်းလေးထိုင်လိုက်သည် ။ ဆိုင်ကယ်ကထွက်မယ်ပြင်တော့မှ ဆိုင်ကယ်နောက်မှီးကိုဆွဲပြီးအတင်းတားပြန်တဲ့ သာလိကာမလေး ။

YOU ARE READING
ခြွေ 🍂(ခွှေ)
Hayran Kurguချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မပြောခဲ့ရုံလေးပါပဲ..... ပါးစပ်ဖွင့်မပြောပဲ သူသိအောင်လည်းကြိုးစားခဲ့ဖူးတာအကြိမ်ကြိမ်ပါ..... အကြင်သူက မရိပ်မိခဲ့တာထင်ပါတယ်လေ.... 🌫 Unicode ချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မ...