" ကျမနာမည်က Cho Tzuyu ပါ ''
" အမေပြောလို့သိထားပြီးပါပြီ ကျမနာမည်
လည်းသိပြီးလောက်ရောပေါ့ Cho Tzuyu ''" သိပြီးပါပြီ ယုန်ပေါက်လေးကအခုဘာအလုပ် လုပ်နေတာလဲ ''
" ကျမက Cho Tzuyu ထက်အသက်ကြီးပါ
တယ် ကျမကိုမလေးမစားမခေါ်ပါနဲ့ ''" တကယ်ယုန်ပေါက်လေးနဲ့တူလို့ပါ မကြိုက်ဘူးလား ''
" မကြိုက်ဘူး ''
" မကြိုက်လည်းခေါ်မှာပဲ ''
" ကျမအဖြေကိုအလေးမထားရင် ကျမကို
မေးခွန်းတွေလာမမေးနဲ့ Cho Tzuyu ''" အလုပ်ကိစ္စပဲပြောကြရအောင် ''
" ကျမ Cho Tzuyu ဆီမှာအလုပ် လုပ်မယ်လို့ပြောမိလို့လား "
" ယုန်ပေါက်လေးအမေကတော့ပြောတယ်
အလုပ်မရှိတဲ့သူ့သမီးလေးကို အလုပ်ပေးပေးပါတဲ့ "" အလုပ်ပေးလို့ကျေးဇူးပါ ဒါပေမယ့်ကျမ
Cho Tzuyu ဆီကအလုပ်မလိုဘူး ''
ပြောပြီးခုံကနေထသွားတဲ့ ဒေါသအိုးလေး
ရဲ့လက်ကို Tzuyu လှမ်းဆွဲလိုက်သည် ။ Tzuyu
ကိုမျက်စောင်းထိုးပြီး သူ့လက်ကိုကိုင်ထားတဲ့
Tzuyu လက်ကိုအတင်းဆွဲဖြုတ်နေလေသည် ။" အလုပ်ကိစ္စပြောလို့မပြီးသေးဘူးလေ "
" ကျမအလုပ်မလိုဘူးလို့ ပြောပြီးသားပါ Cho Tzuyu ''
" ယုန်ပေါက်လေးကအလုပ်မလိုဘူးဆိုတော့ သူဋ္ဌေးတွေဆီကချူ စားရတာကိုပိုသဘော
ကျတာလား ''Tzuyu စကားကြောင့် Nayeonခုံမှာပြန်
ထိုင်လိုက်မိသည် ။ သူမမှာပြန်ရန်တွေ့စရာ
စကားလုံးရှာမတွေ့ပါ ၊ Tzuyu ပြောတာကမှန်
နေတာပဲလေ ။" ဘာအလုပ်လဲ Cho Tzuyu ''
" ယုန်ပေါက်လေး ကျမရဲ့ ချစ်သူလုပ်ပေးရမယ် ''
" အရင်လူတွေနဲ့ ဘာများကွာသွားလို့လဲ
Cho Tzuyu ရယ် '' Nayeon မဲ့ပြုံးလေးပြုံးကာ
ပြောလိုက်သည်" ယုန်ပေါက်လေးအမေဆီကနေ ယုန်ပေါက်လေးကိုကျမအပြည့်အဝကာကွယ်နိုင်တယ်
ပြီးတော့ ယုန်ပေါက်မပျော်တဲ့အလုပ်ကိုလည်း
ဆက်လုပ်စရာမလိုတော့ဘူးလေ ''
YOU ARE READING
ခြွေ 🍂(ခွှေ)
Fanfictionချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မပြောခဲ့ရုံလေးပါပဲ..... ပါးစပ်ဖွင့်မပြောပဲ သူသိအောင်လည်းကြိုးစားခဲ့ဖူးတာအကြိမ်ကြိမ်ပါ..... အကြင်သူက မရိပ်မိခဲ့တာထင်ပါတယ်လေ.... 🌫 Unicode ချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မ...