Dahyun ကတော့ခုံမှာ ဝင်ထိုင်လိုက်ပြီး
ပန်းကန်နှစ်ချပ်ထဲသို့ ထမင်းခူးထည့်လိုက်သည် ။ စားပွဲကိုမလာပဲ မီးဖိုခန်းဝမှာမတ်တပ်ကြီးရပ်ကာ ငေးနေသော ကလေးမကို Dahyun လှမ်းအော်လိုက်သည် ။" ဟိတ်.... လာလေ ကလေးမရဲ့ ''
" ဒါတွေက မှာထားတာလား ''
" မဟုတ်ပါဘူး ဒါတွေက ငါချက်ထားတဲ့ဟာတွေပါ မင်းခေါက်ဆွဲပြုတ်တွေထက်တော့ ပိုစားလို့ကောင်းမှာပါ လာ ထိုင်.... ''
Momo လည်းစားပွဲဆီသို့ လျှောက်လာကာ
ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည် ။ ထမင်းတွေဟင်းတွေက ချက်ထားတာမကြာသေးလို့လားမသိဘူး အငွေ့လေးတွေထွက်နေတယ် ။ အမကြီးကတော့ သူ့ပန်းကန်ထဲကိုဟင်းတွေထည့်ပေးလိုက် သူ့ဘာသာစားလိုက်နဲ့ အလုပ်ရူပ်နေတယ် ။ Momo လဲသူ့ထမင်းပန်းကန်ထဲက ထမင်းပူပူလေးကို ဘာမှန်းမသိတဲ့ဟင်းတစ်မျိုးနဲ့အတူ ပါးစပ်ထဲထည့်လိုက်တယ် ။စားလို့ကောင်းတယ် ဟင့်အင်း ကောင်းတာထက်ပိုတယ် ဘယ်လိုပြောပြရမလဲ ဟင်းကလဲ ချို ချို လေး ဝါးစရာတောင်မလိုပဲ ပါးစပ်ထဲအရည်ပျော်သွားသည် ။
'' ဒါနဲ့ဒီဟင်းကဘာလဲ ''Momo သူ့ပန်းကန်ထဲက ဟင်းကိုလက်ညိုးထိုးပြကာမေးလိုက်သည် ။
" မင်းအဲ့ဒါကိုတကယ်မသိဘူးလား ''
" တကယ်မသိလို့ပေါ့ ''
အာလူးအချို နှပ်ပန်းကန်ကိုပြကာမေးနေသော ကလေးမကြောင့် Dahyunကိုစနေတာလားဟုပင်ထင်မိသည် ၊ ဒါပေမယ့် သူ့မျက်နှာကြည့်တော့လည်း တကယ်မသိတဲ့ပုံလေးနဲ့....
" အဲ့ဒါက အာလူးအချို နှပ်လေ မင်း မစားဖူးဘူးလား...... ''
" ကြားတောင်မကြားဖူးဘူး ဒါပေမယ့် စားလို့တော့ကောင်းသားပဲ ''
Dahyun လည်းဘာမှပြန်မပြောတော့ပဲ
ထမင်းသာဆက်စားနေလိုက်သည် ။ Momo မှာတော့ အမျိုးအမည်မဖော်နိုင်သော ဟင်းများကိုတစ်ခုပြီးတစ်ခု လက်ညိုးထိုးတာ အမကြီးအမေးနေသည် ။" ကလေးမ မင်းအမေက ဒီလိုဟင်းမျိုးတွေ
ချက်မကျွေးဖူးဘူးလား ''

YOU ARE READING
ခြွေ 🍂(ခွှေ)
Fanfictionချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မပြောခဲ့ရုံလေးပါပဲ..... ပါးစပ်ဖွင့်မပြောပဲ သူသိအောင်လည်းကြိုးစားခဲ့ဖူးတာအကြိမ်ကြိမ်ပါ..... အကြင်သူက မရိပ်မိခဲ့တာထင်ပါတယ်လေ.... 🌫 Unicode ချစ်တာပေါ့....... ဒီအတိုင်း ချစ်ပါတယ်လို့ဖွင့်မ...