[Unicode]
°° စစ်သူကြီးပြောတာမနာခံရင် မင်းရဲ့ပြစ်မှုက သုံးဆဖြစ်မယ် °°
................
ထန်လီတစ်ယောက် အကျဉ်းထောင်ခန်းကမြက်ဖုံးထားတဲ့ ကြမ်းပြင်ပေါ်မှာ ထိုင်နေပြီး လုံးဝမတရားခံနေရသလို မျက်နှာအမူအရာလေးနဲ့ သူ့ဒူးလေးနှစ်ဖက်ကို ပိုက်ထားခဲ့တယ်။
သူက အပြစ်ကင်းတယ်။ သူစတင်ထွက်ခွာလာတုန်းက သူက လုံးဝကို ခြောက်ပြစ်ကင်း သဲလဲစင်ဖြစ်ပြီး ကျန်းဟူတစ်ခွင်မှာ နာမည်တစ်လုံးနဲ့ နေချင်ခဲ့တာ...သူ ခင်မင်သိကျွမ်းခဲ့တဲ့တစ်ဂိုဏ်းတည်း အစ်ကိုကြီးနဲ့ ရုတ်တရက် ဆုံမယ်လို့ ဘယ်သူက တွေးမိမှာလဲ? သူတို့နှစ်ယောက် ရက်တော်တော်ကြာတဲ့ထိ စကားဝိုင်း ဖောင်ဖွဲ့ပြော၊ တူတူနေထိုင်ပြီးနောက် ဂိုဏ်းတူအစ်ကိုကြီးက နောက်အလုပ်ကိစ္စတစ်ခုနဲ့ ပြန်သွားခဲ့တယ်။
ထန်လီတစ်ယောက် မတော်တဆလား တမင်တကာလား မသိခဲ့ပေမဲ့ သူ မြို့ထဲက ထွက်လာရုံရှိသေး သူ့လက်ထဲ ဂိုဏ်းတူအစ်ကိုကြီးရဲ့ခရီးသွားစာရွက်စာတမ်းတွေ ရောက်နေတယ်ဆိုတာ သတိပြုမိလိုက်တယ်။
မြို့ဝင်ဂိတ်ရှိ အကောက်ခွန်အရာရှိက သူ့စာရွက်စာတမ်းတွေကို တစ်ချက်ကြည့်ပြီး သူ့ကို အလွန်အံ့အားသင့်စွာ ကြည့်လာခဲ့တယ် "မင်း တကယ် အတင့်ရဲတာပဲ"
ထန်လီက သူ့ကို ဖြူစင်တဲ့အကြည့်တွေနဲ့ ပြန်စိုက်ကြည့်ပြီး "အမ်?"အကောက်ခွန်အရာရှိက အော်ပြောခဲ့တယ် "အစောင့်တွေ! သူ့ကို ဖမ်းသွားစမ်း!"
ထန်လီ မတုန့်ပြန်နိုင်ခင်မှာဘဲ သူ့လက်တစ်ဖက်တစ်ချက်စီကနေ အစောင့်တွေ ဖမ်းဆွဲကာ ခံလိုက်ရပြီး အဝေးခေါ်သွားခံခဲ့ရတယ်။ ဖရိုဖရဲ ဖြစ်နေချိန် သူ မြို့နံရံက ဝရမ်းပြေးတစ်ယောက်ရဲ့ ပုံကို ဖျတ်ခနဲ မြင်သွားတယ်။ အဲ့ဖမ်းဝရမ်းထဲက လူက သူ့ဂိုဏ်းတူအစ်ကိုကြီးပဲ!
ထန်လီ အော်ပြောတော့တယ် "ခဏလေးနေကြပါအုံး! ကျွန်တော် အပြစ်ကင်းပါတယ်! ကျွန်တော် မတော်တဆ ယူခဲ့မိ......"
နောက်တော့ သူ့လည်ပင်းကို လက်စောင်းခုတ်တာ ခံလိုက်ရတော့တာပဲ။
YOU ARE READING
စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]
Historical FictionDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-1.5.2021 End Date- 22.7.2021