[Unicode]
လမ်းတစ်လျှောက်လုံး လီရှင်းဝူချီတာခံလိုက်ရပြီး သူရဲ့အပေါက်ဖြစ်နေတဲ့ဦးနှောက်ကနေ တွေးတောင်မတွေးဖူးခဲ့တဲ့ မတူညီတဲ့ရလဒ်ဆယ်ခုထွက်လာခဲ့တယ်။
အချစ်ကြောင့်တော့မဟုတ်ဘူး, ဒါပေမဲ့ အခုချိန်ထိဖြစ်ပျက်ခဲ့သမျှအဖြစ်အပျက်တွေနဲ့စိတ်သဘောထားတွေရယ် နောင်အနာဂတ်မှာဖြစ်လာနိုင်ဖွယ်ရှိတဲ့တိုးတက်မှုတွေကိုခွဲခြမ်းစီစစ်ပြီးချိန်မှာ သူ တစ်စုံတစ်ခုကိုတော့ကောက်ချက်ချမိလိုက်တယ်။
သူတို့သွားရမယ့်နေရာရောက်တော့ လီရှင်းဝူက သူ့ကိုအောက်ချပေးလိုက်တယ်။
ထန်လီ တစ်ချက်လှမ်းကြည့်လိုက်တော့ သူ့ရှေ့မှာ အဝတ်ဇလုံနှစ်ခုကိုမြင်လိုက်ရတယ်။ တစ်ခုကို ရေအပြည့်ဖြည့်ထားပြီး တစ်ဖက်ဇလုံမှာတော့ အတွင်းခံအထပ်လိုက်နဲ့ပြည့်နေတယ်။
လီရှင်းဝူက သူ့ကိုအေးစက်စက်ပြောခဲ့တယ် "လျှော်လိုက်"
ထန်လီဦးနှောက်က ခုထိလိုက်မမှီနိုင်သေးပေ "ဘာကိုလဲ?"
လီရှင်းဝူက တည်ကြည်စွာအမိန့်ပေးလိုက်တယ် "ငါ မင်းကို အဲ့အဝတ်တွေလျှော်ခိုင်းပြီးအပြစ်ပေးနေတာ"
ထန်လီက စိတ်သက်သာရာရစွာသက်ပြင်းချပြီး ဒူးထောက်ထိုင်ရင်း ထိုထဲကအဝတ်တစ်ထည်ကို ကောက်ယူလိုက်တယ်။ သူ တစ်ချက်ကြည့်လိုက်တော့ ထိုအဝတ်က ညစ်ညစ်ပတ်ပတ်အတွင်းခံတစ်ထည်ပဲဖြစ်တယ်။
ထန်လီ မျက်လုံးပင့်သွားရတယ်။ သူ ထိုအဝတ်ကိုပြန်ချလိုက်ပြီး နောက်တစ်ထည်ထပ်ကောက်လိုက်တယ်။ ထိုအဝတ်ကလည်း ညစ်ပေနေတဲ့အတွင်းခံတစ်ထည်ပဲဖြစ်နေတယ်။
ထန်လီ နောက်တစ်ဖန်ပြန်ချလိုက်ပြီး ဇလုံအောက်ဆုံးထဲလက်နှိုက်ကာ အခြားတစ်ထည်ဆွဲထုတ်လိုက်တယ်။ အဲ့ဒါက....
ထန်လီတစ်ယောက် သူ့လက်လေး ရုတ်တရက်ယိုယွင်းပျက်စီးသွားသလိုခံစားလိုက်ရတယ်။ "ဒါတွေက ဘယ်သူဟာတွေလဲ?"
လီရှင်းဝူက ပြုံးဖြဲဖြဲနဲ့ "ငါ့ဟာ"
ထန်လီမျက်နှာအမူအရာရှုပ်ထွေးသွားခဲ့တယ် "မင်းအဝတ်တွေ ဘာလို့ဒီလောက်များပြားနေရတာလဲ?"
ŞİMDİ OKUDUĞUN
စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]
Tarihi KurguDon't repost the commissioned Fanart CV anywhere for commercial purposes! Artist - Elizabeth Sora ✨ Novel name နဲ့ information အပြည့်အစုံကို အထဲမှာ ရေးသားပေးထားပါတယ်။ Start Date-1.5.2021 End Date- 22.7.2021