Chp(6) "Fuck!" "Alright"

10.1K 1.6K 134
                                    

[Unicode]

နောက်တစ်နေ့ရောက်တော့ ထန်လီရဲ့ပြင်းပြင်းထန်ထန်တောင်းဆိုမှုကြောင့် နောက်ဆုံးတော့ သူ့ရဲ့မူလအကျဉ်းခန်းဆီပြန်လည်ရောက်ရှ်ိလာခဲ့တယ်။

     ဒီတစ်ကြိမ်မှာတော့ သူ ထိုအကျဉ်းခန်းထဲမှာပဲ ရက်အကြာကြီး နာနာခံခံနေခဲ့တယ်။ သူ မတုံးပါဘူး ; လီရှင်းဝူက သူ့ကို တမင်တကာစနောက်နေမှန်း သူသိတယ်။ ဒါသာအမှန်ဆိုရင် သူလည်း လွတ်မြောက်ဖို့နည်းလမ်းမရှိတော့တဲ့အတွက် ရိုးရိုးလေးပဲအရှုံးပေးလိုက်တော့တယ်။

    ‌ဒီနေ့တော့ အစောင့်တစ်ယောက်က သူ့ကို အစားအစာလာပေးရင်း မေးမြန်းခဲ့တယ် "မင်း ဗိုက်အောင့်နေသေးလား?"

    ထန်လီ : "မအောင့်ဘူး"

   အစောင့် : "ဘာလို့မအောင့်ရတာလဲ?"

    ထန်လီက စိတ်လေသလို မျက်လုံးလည်လိုက်တယ် "ငါက ဘာကိစ္စဗိုက်အောင့်ရမှာလဲ?"

    အစောင့်က ရုတ်တရက် မြေပြင်ပေါ်လဲကျသွားခဲ့တယ် "ဒါဆို အောင့်နေတာ ငါ့ဗိုက်ဖြစ်မယ်။ "

    ထန်လီ မတ်တပ်ထရပ်ပြီး သူ့ကိုကန်လိုက်တယ် "သေချင်ယောင်ဆောင်နေတာကို ရပ်လိုက်စမ်း"

    အစောင့်က မြန်မြန်ထွက်ပြေးသွားခဲ့တယ်။

   သူ့ရဲ့သရုပ်ဆောင်မှုက စိတ်‌‌ကျေနပ်လောက်တဲ့ရလဒ်မရခဲ့ဘူး ; အစောင့်လေးမှာ အကြီးကြီးမပျော်မရွှင်ဖြစ်နေတော့တယ်။

----------

    ရက်အတော်ကြာလောက်ငြိမ်းချမ်းမှုရရှိအပြီးမှာ ဒေါသထွက်နေတဲ့လီရှင်းဝူတစ်ယောက် နောက်ဆုံးတော့ ပေါ်လာခဲ့ပြီဖြစ်တယ်။

    ထန်လီတစ်ယောက် သူ ဘယ်လိုမျက်နှာအမူအရာမျိုးထားသင့်လည်း မသိတော့ပေ။

    အဲ့နေ့ပြီးတည်းက သူ လီရှင်းဝူအကြောင်းတွေးမိတာနဲ့ သူ့မျက်နှာတစ်ခုလုံး ပူတက်လာခဲ့တယ်။ ဒါပေမဲ့ လီရှင်းဝူက ကလိမ်ကကျစ်လူဆိုးကောင်ဆိုတာ သူခံစားမိတဲ့အတွက် သူ့နှလုံးသားကို ထိုအကောင်ကြောင့် လှုပ်ရှားခွင့်မပြုသင့်ပေ။

    လီရှင်းဝူက အကျဉ်းခန်းထဲဝင်လာပြီး ဆောင်းဦးရာသီလမင်းကြီးလိုအေးစက်စက်အကြည့်တွေနဲ့ ထန်လီကိုစိုက်ကြည့်လာခဲ့တယ်။ "မင်း ဘာလို့ထွက်ပြေးဖို့မကြိုးစားရတာလဲ?"

စစ်သူကြီးက အရမ်းဉာဏ်များတာပဲ {ဘာသာပြန်} [Completed]Where stories live. Discover now